Singleဘဝက အထီးကျန်ဆန်တယ်၊ ခြောက်သွေ့တယ်စသဖြင့် သိထားကြပေမယ့် မကြာသေးခင်က လေ့လာမှုတစ်ခုအရ အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေက အသက်ပိုရှည်ပြီး ပိုပျော်ရွှင်ကြတယ်လို့ ဆိုထားပါတယ်။ ဒါကိုပဲ နာမည်ကျော်တွေက သက်သေပြလျက်ရှိပါတယ်။ သူတို့ဘဝမှာ စိတ်လှုပ်ရှားစရာတွေနဲ့ ကြုံဆုံရဖို့ လက်တွဲဖော်ကို မလိုအပ်ကြောင်း ခံယူထားကြပါတယ်။

ကဲ..ဒီလိုခံယူထားကြတဲ့ နာမည်ကျော်တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ရအောင်-

၁။ Charlize Theron

၂၀၂၀ခုနှစ်တုန်းက The Drew Barrymore Showမှာ Charlize Theronက သူမ မဒိတ်ဖြစ်တာ ၅ နှစ်ကျော်ကြာပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ သူမ ဒီလိုမဒိတ်ရလို့ မပျော်တာမျိုး မဖြစ်ပါဘူးတဲ့။ သူမရဲ့ဘဝကို သူမရဲ့ကလေးတွေနဲ့ အနုပညာအလုပ်မှာပဲ အချိန်ကုန်ဆုံးလေ့ရှိတယ်လို့ ပြောပြထားပါတယ်။

၂။ Drew Barrymore

“ကျွန်မ ကလေးလေးတွေနဲ့ ဘယ်လိုတွဲရမလဲ တကယ် မသိဘူးရှင့်”လို့ Drew Barrymoreက Bobby Berkကို ပြောဖူးပါတယ်။ “ကျွန်မ အဲ့ဒိတ်ရမယ့်အဆင့်ထိ အဆင့်သင့်မဖြစ်သေးဘူး၊ ကျွန်မမှာ သမီးငယ်လေးနှစ်ယောက်ရှိတော့ လူတွေကို အိမ်ခေါ်မလာချင်ဘူး”လို့ ပြောပြထားပါတယ်။ သူမဘဝမှာ လက်တွဲဖော်ထက် သူမရဲ့ကလေးတွေက ဦးစားပေးဖြစ်ပြီး ထပ်ပြီးလက်မထပ်ချင်တော့ဘူးလို့ ပြောထားပါတယ်။

၃။ Emilia Clarke

“Game of Thrones” မင်းသမီး Emilia Clarke က Single ဘဝမှာ ပျော်ရွှင်နေပုံရပါတယ်။ “ကျွန်မကို လူတွေက ဘယ်သူနဲ့ တွဲနေလဲ မေးကြတယ်..နေဦး.. တစ်ယောက်နဲ့မှ ကျွန်မ မတွဲဘူး..ဒါပေမဲ့ ဒါက အဆင်ပြေပါတယ်။ ကျွန်မဘဝမှာ လက်ရှိတော့ တွေးစရာတွေ အများကြီးပဲ..အမျိုးသမီးတစ်ယောက်အနေနဲ့တော့ တစ်စုံတစ်ယောက်ကို လိုအပ်တာ သဘာဝပဲ ထင်ပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။

၄။ Jennifer Aniston

Jennifer Aniston က Single ဘဝကို နှစ်သက်သူပါ။ ဒါပေမဲ့ သူမ မနှစ်သက်တာကတော့ သူမကို သူမ သူငယ်ချင်းတွေက တခြားသူတွေနဲ့ ချိတ်ပေးတာပါလို့ Jennifer က ပြောပြထားပါတယ်။ Jennifer က “ကျွန်မတို့ဘဝမှာ ကလေးမရှိဘဲ၊ လက်တွဲဖော်မရှိဘဲ အဆင်ပြေပြေနေနိုင်ပါတယ်” လို့ 2016 မှာ ပြောခဲ့ပါတယ်။

၅။ Julianne Hough

“ကျွန်မ အဖေက ပြောခဲ့ဖူးတယ်.. မင်းကိုယ်မင်း ကျေနပ်သရွေ့ လွတ်နေတဲ့နေရာမှာ ဘာမှ ထပ်ဖြည့်စရာ မလိုပါဘူးတဲ့။ လက်ရှိတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ်နဲ့ အလုပ်ကို အာရုံစိုက်နေတယ်။ တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့တွေ့ မတွေ့တွေ့ ကျွန်မ ဂရုမစိုက်ဘူး.. ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တာကို သဘောကျပါတယ်” လို့ Julianne Hough က ပြောပြထားပါတယ်။

၆။ Selena Gomez

Selena Gomez က သူမရဲ့ အချစ်ရေးလမ်းကြောင်းအများစုက ကျိန်စာတိုက်ခံထားရတာလို့ ပြောထားပါတယ်။ သူမက ၂၀၂၁ အင်တာဗျူးမှာ “ကျွန်မက အရင် Relationship တွေတုန်းက ကြုံရတဲ့အရာတွေအတွက် အသက်ငယ်လွန်းသေးတယ်..ကျွန်မအတွက် စကားလုံးတစ်လုံးကိုရှာဖွေဖို့ လိုတယ်..အရင်အချစ်ရေးတွေတုန်းက ဒီစကားလုံးကို ရှာမတွေ့ခဲ့ပါဘူး”လို့ ရင်ဖွင့်ထားပါတယ်။

Source: Brightside.me

By MyStyle Myanmar