သင်က ဝိတ်ကျဖို့အတွက် ပိုက်ဆံရှိနေမှ မဟုတ်ပါဘူး။ အရေးအကြီးဆုံးက စလုပ်ပြီး ဒါကို ပုံမှန် လုပ်သွားဖို့ပါပဲ။ သင်က အလုပ်များတဲ့ သူတစ်ဦးဖြစ်မယ်ဆိုရင် ပုံမှန် Diet လုပ်ဖို့၊ ကျန်းမာတဲ့ Lifestyle တစ်ခု ဖြစ်လာဖို့က မလွယ်ကူနိုင်ပါဘူး။

ဒါပေမဲ့ ဒီ ဖော်ပြပါ Cele တွေကတော့ မအားလပ်တဲ့ ကြားထဲက အောင်မြင်စွာ ဝိတ်ချနိုင်ခဲ့ပါတယ်။ သင်က အခကြေးငွေ ပေးစရာမလိုဘဲ သူတို့ရဲ့ ဝိတ်ချနည်းလမ်းတွေကို အလကား ဖတ်ရမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်-

Adele

Adele က တက်ကြွလှုပ်ရှားရတဲ့ Lifestyle ကို ဖန်တီးနိုင်ခဲ့သူပါ။ သူမဟာ မနက်ပိုင်းမှာ အလေး မပြီး နေ့လည်ပိုင်းမှာတော့ တောင်တက်တာ/ Boxing ထိုးတာ လုပ်ပါတယ်။

ညဘက်မှာတော့ Cardio ထပ်လုပ်ပါတယ်။ ဒါ့အပြင် သူမက Pilates ဝါသနာပါသူလည်း ဖြစ်ပါတယ်။ သူမဝိတ်ကျရခြင်းရဲ့ အဓိက အချက်တော့ အချိုစားတာကို ကန့်သတ်လိုက်ခြင်းပါ။

Rebel Wilson

Rebel ဟာ Emotional Eating နဲ့ Polycystic Ovarian Syndrome ဖြစ်ခဲ့ပေမယ့် ပေါင် ၈၀ ကျော် ချနိုင်ခဲ့ပါတယ်။ မင်းသမီး Rebel က Mayr Method ကို ကျင့်သုံးခဲ့တာပါ။

သူမက ကယ်လိုရီတွက်တာမျိုး မလုပ်ဘဲ အစားအစာကို ကြေညက်အောင် ဝါးရပြီး ဖြည်းဖြည်းစားခဲ့တာပါ။ မနက်စာကို အများဆုံး စားပြီး ညစာကို ပမာဏ နည်းနည်းပဲ စားပါတယ်။ သူမက Emotional Eating အတွက် လမ်းလျှောက်တာ၊ တရားထိုင်တာတွေ လုပ်ခဲ့ပါတယ်။

Jonah Hill

ကိုယ်အလေးချိန်က Jonah အတွက် အထိမခံတဲ့ Topic တစ်ခု ဖြစ်ခဲ့ပေမယ့် သူဟာ တစ်ခါတရံမှာတော့ ဒါနဲ့ ပတ်သက်ပြီး ပြောတတ်ပါတယ်။ 2011 မှာ မင်းသား Jonah ဟာ Sushi ပဲ စားပြီး ပေါင် ၄၀ ကျခဲ့ပါတယ်။

ဒီနောက်မှာတော့ သူဟာ အာဟာရ ပညာရှင်နဲ့ တိုင်ပင်ကာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တွေကို ပြန်ပြင်ခဲ့ပါတယ်။ Jonah ဟာ အသီးအရွက်၊ ပရိုတင်း၊ Whole Grain တို့ကို ပိုစားလာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပြေးပြီး နေ့တိုင်း ဒိုက် အခါ ၁၀၀ ထိုးလေ့ရှိပါတယ်။

Melissa McCarthy

သူမရဲ့ Lifestyle ပုံစံကို ပြောင်းလဲရုံနဲ့တင် ဝိတ်ကျဖို့ လုံလောက်တယ်လို့ Melissa က ပြောပြခဲ့ပါတယ်။ သူမက ဝိတ်တက် ဝိတ်ကျတာဟာ ပုံမှန် ဖြစ်စဉ်ပဲလို့ ခံယူထားပြီး ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေကြောင့် စိတ်ရှုပ်မခံသူပါ။

Chris Pratt

Chris ဟာ သူ့အရင် အမျိုးသမီးရဲ့ ဟင်းချက်လက်ရာကြောင့် ဝိတ်ချဖို့ ခက်ခဲခဲ့သူပါ။ နောက်ပိုင်းမှာတော့ Chris ဟာ သူ့ရွေးချယ်မှုတွေကို ထိန်းချုပ်ခဲ့ပြီး လေ့ကျင့်ခန်းလုပ်ခဲ့ပါတယ်။ Chris က ပြေးတာ၊ Kickboxing, Boxing, ရေကူးတာတွေကို ပေါင်းလုပ်ခဲ့ပါတယ်။

Pratt က တစ်နေ့မှာ ကယ်လိုရီ ၄၀၀၀ စားပြီး တစ်နေ့လုံး အိမ်သာထဲ ခဏခဏ ဝင်နိုင်ဖို့ ရေများများသောက်ခဲ့ပါတယ်။ သူဟာ ၆ လ နဲ့ ပေါင် ၆၀ ကျခဲ့ပါတယ်။ Carbohydrate လျှော့တာ၊ Paleo-style Diet လုပ်တာ၊ ပရိုတင်းနဲ့ တစ်ပတ် လေ့ကျင့်ခန်း ငါးကြိမ်လုပ်တာက Chris အတွက် အကျိုးကျေးဇူးများစေခဲ့ပါတယ်။

Drew Barrymore

Drew က သူမရဲ့ တစ်နေ့တာကို သံပယိုရည် နွေးနွေးလေးတစ်ခွက်နဲ့ စတင်လေ့ရှိပါတယ်တဲ့။ မနက်စာကို ထောပတ်သီး ပေါင်မုန့်ကင် စားလေ့ရှိပြီး အသီး၊ ကြက်ဥတို့ကိုလည်း စားတတ်ပါတယ်။ Drew က တစ်ခါတလေ French Toast ဒါမှမဟုတ် Pancake လည်း စားလေ့ရှိပါတယ်။

သူမက တခြားအချိန်ဆို လေ့ကျင့်ခန်းလုပ်ဖို့ ခဲယဉ်းတာမို့ မနက်ပိုင်းမှာ လုပ်လေ့ရှိပါတယ်တဲ့။ Barrymore က Cardio, Calisthenics နဲ့ ကတာတွေ လုပ်လေ့ရှိပါတယ်။

သင်ကကော ဝိတ်ကျဖို့ ဘယ်လိုစားလေ့ရှိလဲ။ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ဖြစ်လဲ ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar