မင်္ဂလာပါနော်။ သင်က ခြေဖဝါးတွေ ခြောက်သွေ့ပြီး ခြေဖနောင့်အရေပြားကွဲတတ်တဲ့ ပြဿနာနဲ့ ခဏခဏကြုံနေရတဲ့သူလား။ ဒီလိုဖြစ်တာက စိတ်ရှုပ်စရာကောင်းသလို ခြေထောက်အလှလည်းပျက်တာမို့ မဖြစ်အောင် ကြိုကာကွယ်ထားနိုင်ရင်ပိုကောင်းပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ခြေဖနောင့်ကွဲခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းအချို့ကို မျှဝေပေးပါရစေ။ ကိုယ်တိုင်လုပ်မိနေတဲ့အရာတွေပါမလား ကြည့်လိုက်ရအောင်နော်-

အစိုဓာတ်မရှိလို့

ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်ပြီး အစိုဓာတ်မရှိတဲ့အခါမှာ ခြေထောက်အသားအရေကလည်း ကြမ်းတမ်းပြီး ကွဲအက်လာမှာပါ။ ဆုံးရှုံးသွားတဲ့ရေဓာတ်ပြန်ဖြည့်နိုင်ဖို့ နေ့စဉ်ရေများများသောက်တာ၊ ရေဓာတ်များတဲ့ အသီးအနှံတွေ စားတာမျိုးပြုလုပ်ပေးပါ။ ရေဓာတ်ခန်းခြောက်စေတဲ့အရာတွေ ဥပမာ ဆေးလိပ်သောက်တာ၊ Coffee အလွန်အကျွံသောက်တာတွေကို ရှောင်ဖို့လိုပါတယ်။

အပူဒဏ်နဲ့ စိုထိုင်းမှုကြောင့်

Sneakers နဲ့ Boot တွေလို လေဝင်ပေါက်မရှိတဲ့ အပိတ်ဖိနပ်တွေ တစ်နေကုန်နီးပါးစီးထားတာက ခြေထောက်ချွေးစီးပြန်ပြီး အရေပြားထဲက အစိုဓာတ်တွေဆုံးရှုံးသွားစေပါတယ်။ ဒါကတစ်ဆင့် ခြေဖဝါးအသားတွေခြောက်ပြီး ကွဲအက်လာတတ်တာမို့ အမြဲတမ်းအပိတ်ဖိနပ်တွေ မစီးထားမိအောင် သတိထားပေးပါ။

ခြေထောက်ပေါ်က ဖိအားတွေကြောင့်

Photo Source: healthline

သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေစီးတာ၊ အချိန်အကြာကြီးမတ်တပ်ရပ်တာတွေက သင့်ခြေထောက်ကို ဒဏ်ဖြစ်စေတာမို့ ကြာလာတဲ့အခါ ခြေဖဝါးတွေနာပြီး အသားအရေကြမ်းလာတတ်ပါတယ်။

ခြေထောက်ကို ပုံမှန် Scrub မတိုက်လို့

နူးညံ့စိုပြေတဲ့ ခြေထောက်အသားအရေလေးပိုင်ဆိုင်ချင်ရင် အရေပြားပေါ်က ဆဲလ်သေတွေဖယ်ရှားပြီး အစိုဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ ဒါကြောင့်မို့ ခြေထောက်ကို Scrub တိုက်ပြီး ပုံမှန်သန့်စင်ပေးပါ။ ဒါကအသက်အရွယ်ရတဲ့အခါ လွယ်လွယ်နဲ့အရေးအကြောင်းတွေမပေါ်အောင်လည်း ကာကွယ်ပေးရာရောက်ပါလိမ့်မယ်။

ဝိတ်တက်လာလို့

ဝိတ်တက်ပြီး ခန္ဓာကိုယ်လေးလံလာတဲ့အခါ ခြေထောက်အတွင်း သွေးလည်ပတ်မှုနှေးသွားစေတာကြောင့် ဒါကတစ်ဆင့်လည်း အရေပြားခြောက်သွေ့ကွဲအက်တာမျိုး ဖြစ်လာတတ်ပါတယ်။

မလိုအပ်ဘဲ ဆပ်ပြာအလွန်အကျွံသုံးတာကြောင့်

သင့်ခြေထောက်ကို ဆပ်ပြာနဲ့အလွန်အကျွံပွတ်တိုက်သန့်စင်တာမျိုးကိုလည်း မလုပ်မိအောင်သတိထားပေးပါ။ အကြောင်းကတော့ ချေးချွတ် Chemical အာနိသင်ပါဝင်တဲ့ ဆပ်ပြာတွေဟာ အရေပြားထဲမှာရှိတဲ့ သဘာဝအစိုဓာတ်တွေကိုပါ ရောပြီးဖယ်ရှားမိတတ်တာကြောင့်ပဲဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar