မင်္ဂလာပါ ပျိုမေတို့ရေ။ အသည်းကွဲပြီးချိန် ဆံပင်ညှပ်ချင်လာတဲ့ ခံစားချက်မျိုးကိုတော့ တော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်နော်။ ဆံပင်က လူတစ်ယောက်ရဲ့ပုံစံကို အချိန်တိုအတွင်း သိသိသာသာ ပြောင်းလဲစေတာမို့ များသောအားဖြင့် လူတွေက အသည်းကွဲပြီးနောက် ဆံပင်စတိုင်ပြောင်းဖို့ စဉ်းစားမိတတ်ကြတာပါ။ ဒါက အတိတ်ကရုန်းထွက်ပြီး စိတ်သစ်လူသစ် ပြန်လည်စတင်နိုင်တဲ့ ခွန်အားရစေတာမို့ သင့်ရဲ့အသည်းကွဲဒဏ်ရာကိုပါ သက်သာစေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အသည်းကွဲပြီး ဆံပင်ပုံပြောင်းချင်သူတွေ စမ်းကြည့်နိုင်မယ့် ဆံပင်စတိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်နဲ့လိုက်မယ့် Hairstyle တွေပါမလား စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်ပါ။

Side-Swept bangs

ဆံမြိတ်ချနေကျသူတွေ ပြောင်းလဲကြည့်သင့်တဲ့ပုံစံဖြစ်ပါတယ်။ ဒီလိုဆံပင်ကို ဘေးဘက်ခွဲပြီး အတိုကပ်ကပ်လေးညှပ်ပေးတာက မျက်နှာကျပိုပေါ်စေတဲ့အပြင် ခပ်ချေချေနဲ့ အထာကျတဲ့ပုံစံလေးကိုရစေမှာပါ။

 Long Bob Length

အရိုးရှင်းဆုံးက အလှဆုံးဆိုသလို ဒီလို Bob ဆံပင်ကို ပုခုံးအပေါ်နားလောက်အရှည်ထားပြီး အတိပုံစံမျိုးညှပ်ချထားတာမျိုးက တည်ငြိမ်ပြီး မိန်းကလေးဆန်တဲ့အလှကို ပိုင်ဆိုင်စေပါလိမ့်မယ်။

Bixie

တိုတိုကပ်ကပ် Pixie ဆံပင်ကေကို Bob ဆံပင်နဲ့ပေါင်းထားတဲ့စတိုင်မျိုးဖြစ်ပြီး Pixie ပြန်ရှည်လာတဲ့စတိုင်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါက ဆံပင်လုံးဝတိုလိုက်ချင်တဲ့ပျိုမေတို့နဲ့ အဆင်ပြေပြီး ဆံပင်ကပ်ကပ်လေးနဲ့ ပေ့ါပါးနေစေမှာပါ။

Short Choppy Fringe

ဆံမြိတ်ကိုမညီမညာညှပ်ပြီး ဘေးဆံပင်အထပ်အကောက်ပွပွလေးတွေလုပ်ပေးတာကလည်း လူငယ်ဆန်ပြီး အရုပ်ကလေးတစ်ရုပ်လို ချစ်စရာကောင်းနေစေမှာပါ။

Wolf Cut

အရှေ့တစ်လွှာကို တိုပြီး အနောက်အရှည်အတိုင်းထားရတဲ့ Wolf Cut လေးတွေကလည်း လူကြိုက်များပြီး ဆံပင်ပုံစံအသစ်ပြောင်းချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

Hime Cut

ဆံပင်အရမ်း မတိုလိုက်ချင်တဲ့သူတွေအနေနဲ့ Hime Cut လေးတွေညှပ်တာက ဂျပန်မလေးတွေလို ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ပုံစံမျိုး ရစေမှာပါ။ Hime Cut တွေကို အရောင်ဆိုးတာ၊ Highlight တွေဖောက်ပေးတာကလည်း သင့် Hairstyle ကိုလုံးဝထူးခြားစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar