မင်္ဂလာပါ… ပျိုမဒီတို့ရေ…. ယောဂဟာ  ကျန်းမာရေးအတွက်ကော အလှအတွက်ကော အများကြီးအကျိုးရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဝတဲ့လူတွေက စပြီးဆော့တဲ့ အချိန်မှာ တချို့ ပုံစံတွေက ဝတဲ့လူတွေအတွက် လိုက်လုပ်ဖို့က အဆင်ပြေတာမျိုးလေးတွေ ရှိတတ်ပါတယ်နော်။ ဒါကြောင့် ဝတဲ့လူတွေဆော့တဲ့အခါ အဆင်ပြေပြေနဲ့ ဆော့နိုင်မယ့် ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Cat-Cow with Hands on Blocks

ယောဂတုံးတွေပေါ်လက်တင်ပြီး ခန္တာကိုယ်ကို အကွေးအဆန့်လုပ်ရတဲ့ ဒီပုံစံက ဝတဲ့လူတွေအတွက် အလွယ်လုပ်လို့ရနိုင်တဲ့ ပုံစံလေးပါ။

Downward Dog with Hands on Chair

ခန္ဓာကိုယ်အလေးချိန်အားလုံးကို လက်ကောက်ဝတ်မှာ ထားရတာအဆင်မပြေတာကြောင့် ထိုင်ခုံတခုံကို ယူပြီး ခုံ ဒါမှမဟုတ်‌ ခုံနောက်ကျောကို လက်နဲ့ကိုင်လိုက်ပါ။ သက်တောင့်သက်သာရှိသလောက် ခြေထောက်တွေကို ဖြောင့်တန်းပေးပါ။ ဒီအနေအထားကို ထိန်းထားပြီး ပခုံးတွေ နားနဲ့နောက်ကျောကို ညီညာအောင်ထားပါ။ကုလားထိုင်ကိုအသုံးပြုတာက လက်ကောက်ဝတ်နာကျင်တာကို  သက်သာစေပါတယ်။

Low Lunge with Blocks

ယောဂတုံးတွေကြား ညာခြေကို ရှေ့လှမ်းပြီး ဘယ်ခြေထောက်ကို နောက်မှာထားပါ။ ဖျာပေါ်မှာ ဘယ်ဒူးကို ဖိထားပါ။ လက်တစ်ဖက်စီကို ယောဂဘလောက်တစ်ခုစီပေါ်တင်ထားပါ။ ခန္ဓာကိုယ်ကြီးတဲ့လူအများစုက ဒူးခေါင်းပြဿနာရှိတတ်ကြောင့် ယောဂတုံးတွေထားတာက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

Pigeon with Supported Hip

ဘယ်ခြေထောက်ကို ခေါက်ထိုင်ပြီး ညာဒူးကို အနောက်ကိုဆန့်လိုက်ပါ။ ဘယ်ဘက်တင်ပါးအောက်တွင် ယောဂဘလောက်တစ်ခုကို ထားပေးပါ။ အနေအထားကို ထိန်းထားပြီး ကျောရိုးဆန့် ရှေ့ကို ကြည့်ပေးပါ။

Hamstring Stretch with Strap

ဝတဲ့လူတွေမှာ မကြာခဏဖြစ်တတ်တဲ့အရာတစ်ခုကတော့ ခြေထောက်လှမ်းကိုင်တဲ့အခါ ဗိုက်ခံနေတတ်တာပါ။ ဒီလိုအချိန်မှာ ခြေထောက်သိုင်းကြိုးကို သုံးပေးပါ။ ခြေထောက်ကို သိုင်းကြိုးထဲထည့်ထားပြီး နောက်ပြန်ဆွဲတာက ပိုအဆင်ပြေစေပါတယ်။

Child’s Pose with Block

ဒူးနှစ်ဘက်ကို အရင်ဆုံးနောက်ပြန်ကွေးထိုင်လိုက်ပါ။ ပြီးရင် လက်နှစ်ဘက်ကိုဆန့် ခါးကိုဆန့်ပြီး အရှေ့ကို ကိုင်းလိုက်ပါ။ လည်ပင်း တင်းမာမှုကို သက်သာစေဖို့ နဖူးကို ကြမ်းပြင်ပေါ် ချထားမယ့်အစား နဖူးအောက်မှာ ဘလောက်ကိုထားပေးပါ။