အားလပ်ရက်မှာ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းနေဖို့၊ အပြည့်အဝအနားယူနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် အားလပ်ရက်တွေမှာ စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ၆ ခုကို မျှဝေပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

ဖွင့်ရက်တွေမှာ အလုပ်တွေ၊ ကျောင်းတွေနဲ့ဆိုတော့ စောစောထရတာနဲ့ အိပ်ချင်တိုင်းမအိပ်ရပါဘူး။ ဒါကြောင့် အားလပ်ရက်မှာ အရေးအကြီးဆုံး နံပါတ်တစ်က အိပ်ရေးဝအောင် အိပ်ဖို့ပါပဲ။ အိပ်ရေးဝနေရင် အားအင်ပြည့်ဝပြီး စိတ်လည်းကြည်လင် လန်းဆန်းစေပါတယ်။

ရုပ်ရှင်ကြည့်ပါ

မအားရင် ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်တွေလည်း အေးအေးဆေးဆေး မကြည့်ဖြစ်ပါဘူး။ ဒါကြောင့် အားလပ်ရက်ရတုန်း ရုပ်ရှင်တွေကြည့်ပါ။ အပြင်မသွားချင်ရင် မုန့်စားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့သာ အချိန်ကုန်ဆုံးပါ။ စိတ်ချမ်းသာရပါတယ်။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်ရတာ ဝါသနာပါရင် အေးအေးဆေးဆေး အနားယူပြီးသာ စာအုပ်တွေထိုင်ဖတ်ပါ။ စာဖတ်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ပျော်ရွှင်မှုတစ်ခုပါပဲ။

သူငယ်ချင်းတွေနဲ့လျှောက်သွားပါ

အားလပ်ရက်မှာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပျော်ပါးပါး သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ပြီး လျှောက်သွားပါ။ လုပ်ချင်တာတွေလုပ်ပါ။ မုန့်တွေလျှောက်စားပါ။ စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါတယ်။

အပန်းဖြေနေရာတစ်ခုခုသွားပါ

အချိန်ရရင် အပန်းဖြေနေရာ (သို့) အပန်းဖြေခရီးတိုလေးတွေ သွားလိုက်ပါ။ စိတ်သစ်လူသစ်ဖြစ်ပြီး ပျော်ရွှင်ရပါလိမ့်မယ်။ Stress တွေလည်း ပြေပျောက်သွားပါလိမ့်မယ်။

မိသားစုကိုအချိန်ပေးပါ

ဖွင့်ရက်တွေမှာ အလုပ်တွေ၊ ကျောင်းတွေနဲ့ဆိုရင် မိသားစုကိုလည်း သိပ်ပြီး အချိန်မပေးဖြစ်ကြပါဘူး။ ဒါကြောင့် အားတဲ့အချိန်မှာ မိသားကိုလည်း အချိန်ပေးပါ။ မိသားစုနဲ့အတူ မုန့်လုပ်စားတာ၊ တစ်နေရာရာသွားတာမျိုးတွေ လုပ်ကြည့်ပါ။