မင်္ဂလာပါနော်။ သင်က အဆီပြန်တတ်တဲ့ အသားအရေရှိသူလား။ အဆီပြန်တဲ့ Oily Skin သမားတွေက အဆီနဲ့ချွေးထိပြီး မိတ်ကပ်ကွက်တာ၊ ခဏနဲ့ပျယ်တာတွေဖြစ်တတ်တာမို့ Foundation လိမ်းတဲ့နေရာမှာ Liquid နဲ့ Cream တွေထက် Powder Type တွေက ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် သူက မျက်နှာပေါ်မှာရှိတဲ့ အဆီတွေစုပ်ယူပေးပြီး အခြား Foundation တွေလောက် မိတ်ကပ်သားမထူတာမို့ ထသွားထလာ လိမ်းဖို့အတွက်လည်း အဆင်ပြေမှာပါ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ Oily Skin သမားတွေအတွက် သုံးရအဆင်ပြေမယ့် Powder Foundation လေးတွေကို မျှဝေပေးလိုက်ပါတယ်။

L’Oréal Paris Infallible Fresh Wear 24H Powder Foundation


ပျိုမေတို့ တော်တော်များများနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ဒီ L’Oréal တံဆိပ် Powder Foundation က နာမည်နဲ့လိုက်အောင် တစ်နေကုန်နီးပါးကြာရှည်ခံပြီး လိမ်းရပေါ့ပါးတဲ့ Foundation လေးဖြစ်ပါတယ်။ သူ့ရဲ့ Formula က မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်နဲ့ အပြစ်အနာအဆာတွေ လုံးဝမသိသာအောင်လည်း ဖုံးပေးနိုင်ပါတယ်။

NYX Cosmetics Can’t Stop Won’t Stop Powder Foundation


ဈေးသင့်ပြီး သုံးလို့ကောင်းတဲ့ ဒီ NYX Powder Foundation လေးကလည်း လိမ်းပြီးတဲ့နောက် မိတ်ကပ်သိပ်သိပ် Matte ပုံစံလေးရစေတာမို့ အဆီပြန်တာကိုထိန်းပြီးသားဖြစ်စေမှာပါ။ ပေ့ါပေါ့ပါးပါးလိမ်းလို့ရတာမို့ Setting Powder အနေနဲ့လည်းသုံးနိုင်သလို မိတ်ကပ်ပါးပါးလေးလိမ်းရတာ ကြိုက်တဲ့သူတွေအတွက်လည်း အသုံးတည့်စေမှာပါ။

Lancome Dual Finish Multi-Tasking Powder Foundation


Skin Type အားလုံးနဲ့အဆင်ပြေတဲ့ ဒီ Lancome တံဆိပ်ကလည်း မိတ်ကပ်သားကြာရှည်ခံသလို လိမ်းထားပြီးနောက် မိတ်ကပ်အဆီပြန်နေတာ၊ အရမ်းခြောက်နေတာမျိုးမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ Coverage ကောင်းကောင်းပေးနိုင်တဲ့အပြင် ရွေးချယ်စရာ Shades အရောင် ၃၀ အထိရှိတဲ့ Foundation တစ်မျိုးလည်းဖြစ်ပါတယ်။

MAC Studio Fix Powder Plus Foundation


မိတ်ကပ်ထူသလိုမမြင်ရဘဲ မျက်နှာလေးချောမွတ်ပြီး ဝက်ခြံနဲ့ချွေးပေါက်တွေကောင်းကောင်းဖုံးပေးနိုင်တဲ့ Foundation ဖြစ်ပါတယ်။ လိမ်းထားပြီးနောက် ၁၂ နာရီအထိ ကြာရှည်ခံတဲ့အပြင် သူ့ကြောင့် ချွေးပေါက်လည်း မပိတ်စေပါဘူး။ အရောင် ၅၀ ကျော်အထိရှိတာမို့ ကိုယ့်အသားအရောင်နဲ့ကွက်တိဖြစ်တာကို စိတ်ကြိုက်ရွေးနိုင်တဲ့ Powder အမျိုးအစားလေးလည်းဖြစ်ပါတယ်။

Maybelline New York’s SuperStay Powder Foundation


Maybelline ရဲ့လူသုံးများတဲ့ ဒီ SuperStay Powder လေးကလည်း Oily Skin သမားတွေအတွက် အဆင်ပြေပါတယ်။ အသားထဲစိမ့်ဝင်အားကောင်းတာမို့ နည်းနည်းလေးလိမ်းရုံနဲ့ တစ်နေကုန်လှနေမယ့် Foundation လေးဆိုရင်လည်းမမှားပါဘူး။

Shiseido Synchro Skin Self-Refreshing Custom Finish Powder Foundation


Shiseido ပေါင်ဒါကလည်း မိတ်ကပ်လိမ်းပြီး Setting Powder အနေနဲ့ရော Foundation အဖြစ်ပါ ပေါ့ပေါ့ပါးပါးလိမ်းလို့ကောင်းတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ Oil-Free ဖြစ်ပြီး ရေစိုလည်းခံသလို မျက်နှာအစိုဓာတ်ပါပေးနိုင်တာမို့ အဆီပြန်တတ်သူတွေနဲ့ အဆင်ပြေစေမှာပါ။ လိမ်းရပေါ့ပါးတာကြောင့် Natural ဆန်ဆန် မိတ်ကပ် Look လေးရချင်သူတွေအတွက် လိမ်းသင့်တဲ့ ပေါင်ဒါလေးဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar