လေထုညစ်ညမ်းမှု၊ နေရောင်နဲ့ တခြားအကြောင်းကြောင်းတွေကြောင့် ဆံသားခြောက်တာကို ကာကွယ်ဖို့က ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို Hair Serum တမျိုးမျိုးလိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဆံသားကို ရေဓာတ်ဖြည့်ပေးပြီး အာဟာရဖြည့်ပေးနိုင်ဖို့အတွက် Hair Serum သုံးတဲ့ခါ ဓာတုပစ္စည်းမပါတဲ့ သဘာဝထုတ်ကုန်ကိုမှ သုံးချင်တဲ့သူတွေအတွက် သဘာဝ Hair Serum တချို့ကို ဝေမျှပေးချင်ပါတယ်။

1. TNW – The Natural Wash Black Seed Hair Serum

ခြောက်သွေ့ပြီး မွဲခြောက်နေတဲ့ ဆံကေသာအတွက် သဘာဝ Hair Serum ကို ရှာနေတယ်ဆိုရင် ဒီ Hair Serum ကို သုံးကြည့်ပါ။ ဒီ Hair Serum က ဆံသားကို အပူဒဏ်ကို ကာကွယ်ပေးသလို အဆီပြန်တာ ၊ နှစ်ခွဖြစ်တာတွေကိုလည်း သက်သာစေတဲ့အပြင် ဆံသားကိုပျော့ပြောင်းစေပြီး ရှင်းရလွယ်ကူစေပါတယ်။

2. Avimee Herbal Scalptone Dandruff Serum

သူ့မှာပါတဲ့ သဘာဝပါဝင်ပစ္စည်းတွေကြောင့် ဒီ Hair Serum က ဗောက်တွေကို တိုက်ဖျက်ပေးပြီး ဦးရေပြားကို အာဟာရဖြည့်ပေးနိုင်တဲ့အပြင် ဉီးရေပြားကျန်းမာရေးကိုပါ ပြန်ပြီး ကျန်းမာလာစေပါတယ်။

3. Jovees Herbal Hair Serum

ဗာဒံဆီ၊ သံလွင်ဆီ၊ စပျစ်စေ့ဆီနဲ့ ဂျုံစေ့ဆီတွေရဲ့ ကောင်းကျိုးတွေနဲ့ထုတ်ထားတဲ့ ဒီ Hair Serum ကိုပုံမှန်သုံးပေးရင် ဆံသားပျက်စီးမှုကို လျှော့ချပေးပြီး နူးညံ့စေတဲ့အပြင် ဆံသားကိုတောက်ပြောင်စေပါတယ်။

4. Nat Habit Chamomile Conditioning Methi Jal

ဒီ Hair Serum က ဆံပင်ကျွတ်တဲ့သူတွေ ရွေးသင့်တဲ့ သဘာဝ Hair Serum ပါ။ ဒီ Hair Serum ကို ပုံမှန်သုံးပေးရင် ဦးရေပြားအဆီပြန်တာကို ထိန်းပေးနိုင်ပြီး ဆံသားဖွာတာ ၊ ပြတ်တာ ၊ ကျိုးတာတွေကို သက်သာစေပြီး ဦးရေပြားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

5. Traya Natural Hair Growth Serum

ဒါကတော့ ဆံပင်ကိုပိုထူလာစေမယ့် Hair Growth Serum ပါ။ ဆံပင်ရဲ့မွှေးညှင်းပေါက်လေးတွေကို အားဖြည့်ပေးတဲ့ Serum မလို့ ဆံပင်ရဲ့အမြစ်တွေကို အားကောင်းစေပြီး ဆံပင်ကျွတ်ာကို သက်သာစေပါတယ်။

6. Love Beauty & Plant Argan Oil

ဒီ Serum ရဲ့အားသာချက်က 72 နာရီကြာအောင် frizz control ကို ပေးနိုင်တာပါ။ အပူဒဏ်ကိုလည်း ကာကွယ်ပေးတဲ့အပြင် မွှေးရနံ့လည်းပါတဲ့ ဒီ Serum က PETA လက်မှတ်ရတဲ့ cruelty-free Serum ဖြစ်တာမလို့ ဆေးဆိုးထားတဲ့ဆံပင်တွေအတွက်လည်း အဆင်ပြေပါတယ်။