အားလုံးပဲ မင်္ဂလာပါနော်။ ဆံလုံးသေးပြီး ဆံပင်ပါးတဲ့သူတွေအတွက် အုံထူသလိုမြင်ရစေမယ့် Hairstyle လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သင်ကိုယ်တိုင်လည်း ဆံပင်ပါးတာ အရမ်းသိသာနေလို့ Hairstyle ပြောင်းဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီပုံစံတွေထဲက ကိုယ့်မျက်နှာနဲ့လည်းလိုက်မယ့် Hairstyle လေးတွေကို စမ်းကြည့်နိုင်ပါတယ်နော်။

၁။ Wolf Cut

Wolf Cut ပုံစံအထပ်ကေကိုမှ ဘေးဘက် ခပ်အုပ်အုပ်ပုံသွင်းထားတာက ဆံပင်အဖောင်းလေးဖြစ်ပြီး ဆံပင်ထူသလိုမြင်ရတာမို့ ဆံပင်ပါးတဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

၂။ Layered Bob


ဆံပင်ဂုတ်ဝဲလေးကိုမှ အထပ်ပါးပါးလေး ညှပ်ပေးထားတဲ့ ဒီလို Hairstyle လေးတွေကလည်း သိပ်ပြင်ဆင်စရာမလိုဘဲ ထားရလွယ်သလို ရှိရင်းစွဲထက် ငယ်ရွယ်ပုံပေါက်စေမယ့် ပုံစံလေးပါ။

၃။ Face Framing Layers


ဆံပင်အရှည်ရှိတဲ့သူတွေအတွက် ဒီလိုမျက်နှာဘေးဘက် ဝိုက်ပြီးကွေးထားတဲ့ပုံစံမျိုးကလည်း ဆံပင်ထူပုံပေါက်စေမှာပါ။ ဒါ့အပြင် မျက်နှာ Shape မျိုးစုံနဲ့လိုက်တဲ့ Hairstyle လေးလို့လည်း ပြောလို့ရပါတယ်။

၄။ Bob Hair With Messy Waves


ဆံပင်အတိုကိုမှ လှိုင်းတွန့်ပြေပြေလေးတွေကောက်ပြီး ပုံသွင်းထားတဲ့ပုံစံလေးကလည်း ဆံပင်ပွပွလေးနဲ့ အုံထူသလိုမြင်ရစေမယ့် Hairstyle လေးဖြစ်ပါတယ်။

၅။ Small Braids


ဒီလိုမျက်နှာဘေးမှာ ကျစ်ဆံမြီးသေးသေးလေးကျစ်ထားတာက မျက်နှာလေးရှင်းပြီး ကြည့်လို့ကောင်းသလို ဆံပင်ပါးမှန်းမသိသာတော့အောင်လည်း ကူညီပေးမှာပါ။

၆။ Side Part Hair

ဆံကြောင်းတစ်ဖက်ကို များများလှန်တင်ပြီး တစ်ဖက်အုပ်အုပ်လေးထားတဲ့ Hairstyle မျိုးကလည်း ဆံပင်ပါးသူတွေနဲ့ အဆင်ပြေသလို ဆွဲဆောင်မှုရှိပြီး တည်ငြိမ်တဲ့ပုံစံလေးပေါ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar