မိတ်ကပ်လိမ်းတဲ့အခါမှာ Foundation ကို အရမ်းဈေးကြီးတာမျိုး မသုံးချင်တဲ့သူတွေအတွက် ဈေးသင့်တင့်ပြီး Full Coverage ရစေတဲ့ အကောင်းဆုံး Drugstore Foundation 6 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဈေးသင့်တင့်ပေမယ့် Quality လည်းကောင်းတာဖြစ်လို့ အရမ်းအဆင်ပြေပါတယ်။ အထူးသဖြင့် Budget ချွေတာချင်တဲ့သူတွေနဲ့ ရုံးတက်နေရတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။

The Ordinary Coverage Foundation

အသားခြောက်တဲ့သူတွေအနေနဲ့ ဈေးသင့်တင့်တဲ့ Foundation သုံးချင်တယ်ဆိုရင် The Ordinary Coverage Foundation ကိုသာ ရွေးချယ်ပါ။ မိတ်ကပ်သားစိုစိုပြောင်ပြောင်လေးနဲ့ အရမ်းလှပါတယ်။ Full Coverage ရစေပြီး မိတ်ကပ်သားလည်း ကြာရှည်ခံစေပါတယ်။

Maybelline New York SuperStay Long-Lasting Full Coverage Foundation

Maybelline ရဲ့ နာမည်ကြီး ဒီ Foundation ကတော့ လိမ်းထားရင် Full Coverage အပြည့်အဝရစေတဲ့အပြင် မိတ်ကပ်သားလည်း ကြာရှည်ခံစေပါတယ်။ လိမ်းရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။ ဒါကြောင့် ရုံးသမားတွေအတွက်တော့ ပိုပြီးတွက်ချေကိုက်မှာပါ။

Makeup Revolution Conceal & Define Full Coverage Foundation

Makeup Revolution ရဲ့ ဒီ Foundation က Matte Type ဖြစ်ပေမယ့် Blend ရတာလွယ်ပါတယ်။ မိတ်ကပ်သားလည်း ကြာရှည်ခံပြီး Full Coverage ရစေတာကြောင့် အဆီပြန်တဲ့သူတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။

e.l.f. Cosmetics Acne Fighting Foundation

e.l.f. က ဒီ Foundation ကျတော့ ဝက်ခြံသမားတွေအတွက် အထူးသင့်တော့်ပါတယ်။ Foundation ကို ဈေးသင့်တာပဲသုံးချင်တယ်၊ Full Coverage လည်းလိုချင်တယ်၊ မိတ်ကပ်သားလှတာမျိုးလည်း လိုချင်တယ် ဒါပေမယ့် ဝက်ခြံတွေရှိနေတယ်ဆိုရင်တော့ e.l.f. Cosmetics Acne Fighting Foundation ကို သုံးကြည့်သင့်ပါတယ်။

Maybelline Fit Me Matte + Poreless Liquid Foundation

Maybelline ရဲ့ ဒီ Foundation ကလည်း လူကြိုက်များပါတယ်။ ချွေးပေါက်တွေကိုပါ သေချာဖုံးပေးနိုင်ပြီး Full Coverage ရစေပါတယ်။ မိတ်ကပ်သားလည်း ကြာရှည်ခံစေပါတယ်။ ဒါပေမယ့် Matte Type ဖြစ်လို့ အသားခြောက်တဲ့သူတွေအတွက်တော့ အဆင်မပြေပါဘူး။

L’Oréal Paris Infallible 24HR Fresh Wear Foundation SPF 25

L’Oréal က ဒီ Foundation ကျတော့ SPF 25 ပါပါတယ်။ Full Coverage ရစေပြီး မိတ်ကပ်သားလည်း ကြာရှည်ခံစေပါတယ်။ လိမ်းလိုက်ရင် Natural Matte Finish Look ရစေပြီး All Skin Type နဲ့ အဆင်ပြေပါတယ်။