ပျိုမေတို့အားလုံးမင်္ဂလာပါ။ သင်က ပေါင်တုတ်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ပထမဆုံး လက်ရှိကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နိုးပေးပါလို့ ပြောပါရစေ။ ပေါင်တုတ်တဲ့အခါ ဘောင်းဘီအကျပ်တွေ ဝတ်ရတာ သိပ်အဆင်မပြေလှပါဘူး။ ဒီတစ်ခေါက်မှာတော့ ပေါင်အဆီတွေကို ထိထိရောက်ရောက် ကျစေမယ့် လေ့ကျင့်ခန်း တွေကို ဖော်ပြပါရစေ။
၁။ Squat
Photo Source: Robertbp.com
ထိုင်ထ ကို ၁၀ ကြိမ် ၃ ခါလုပ်ပေးရပါမယ်။
၂။ Side Leg Lifts
Photo Source: Pinterest
- တံတောင်နဲ့ထောက်ပြီး တစ်ဘက်စီ မျက်နှာပြုကာ လှဲပေးရပါမယ်။
- ဒီအနေအထားမှာပဲ အပေါ်ရောက်နေတဲ့ ခြေထောက်ကို မြှောက်ပေးရပါမယ်။
- ဘယ် ၁၀ ခါ ည ၁၀ ခါကို ၄ ကြိမ်ပြုလုပ်ပေးရပါမယ်။
၃။ Glute Bridge
Photo Source: Pinterest
- ကြမ်းပြင်ပေါ် ဒူးထောင်အနေအထားနဲ့ အိပ်ရပါမယ်။
- ပြီးနောက် တင်ပါးကို အားပြုကာ ညှစ်ပြီး အပေါ် ပင့်တင်ပေးရပါမယ်။
- ဒါကို ၁၂ ခါ ၄ ကြိမ်ပြုလုပ်ပေးရပါမယ်။
၄။ Leg Swings
Photo Source: 24Life
- ခြေတစ်ဘက်ကို အားပြုပြီး နောက်ခြေတစ်ဘက်ကို လွှဲပေးရပါမယ်။
- ဘယ်ညာ တစ်လှည့်စီ ၁၂ ခါပြုလုပ်ပေးရပါမယ်။
- ဒါကို ၃ ကြိမ်ပြုလုပ်ပေးပါ။
၅။ DB Step Ups
Photo Source: MyFitnessPal Blog
- မနိမ့်မမြင့် ခုန်တစ်လုံးလိုပါတယ်။
- ဒီခုံပေါ် ဘယ်ဘက်ကို အားပြုပြီး အပေါ်တက်ပေးရပါမယ်။
- ညာဘက်ကိုလည်း ဒီလိုပဲ လုပ်ပေးရပါမယ်။
- ဘယ်ညာ တစ်လှည့်စီ ၁၀ အတက်အဆင်းပြုလုပ်ရပါမယ်။
- ၂ ကြိမ်ပြုလုပ်ပေးပါ။
၆။ DeadLift
Photo Source: Gfycat
- ဒီလေ့ကျင့်ခန်းအတွက် အလေးတုံးလိုအပ်ပါတယ်။
- အလေးတုံးကို မပြီး တင်ပါးကို အားပြုပြီး အောက်ငုံ့ပေးရပါမယ်။
- ၁၀ ခါ ၃ ကြိမ်ပြုလုပ်ပေးရပါမယ်။
By MyStyle Myanmar