နောက်ကျောမှာရှိတဲ့ မလိုအပ်တဲ့အဆီပိုတွေနဲ့ လက်မောင်းနောက်ကအဆီတွေ လျော့ကျပြီး အချိုးအစား ပြေပြစ်လှပစေဖို့၊ အညောင်းအညာလည်း ပြေစေဖို့အတွက် အိမ်မှာလုပ်လို့ရတဲ့ အကောင်းဆုံး Back Exercise 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။

T Raises

Weight တုံးကိုကိုင်ပြီး ပုံမှာလုပ်ပြထားတဲ့ အနေအထားနှစ်မျိုးအတိုင်း လုပ်ပေးရမှာပါ။ နှစ်မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း 15 ကြိမ် လုပ်ပေးရပါမယ်။

Single-Arm Dumbbell Rows

Back Exercise ထဲမှာဆိုရင်တော့ ဒီ Exercise က မပါမဖြစ်ပါပဲ။ နောက်ကျောက မလိုအပ်တဲ့အဆီတွေကို သိသိသာသာ ဖယ်ရှားပေးနိုင်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း အနေအထား နှစ်မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့သတ်မှတ်ပြီး ဘယ်ညာစ်လှည့်စီ ပြောင်းလုပ်ရပါမယ်။ တစ်ဖက်ကို 10 ကြိမ်စီပါ။

Plank with Lateral Arm Raise

Plank ထောက်တဲ့အနေအထားနဲ့နေပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်တစ်ဖက်ကို ဘေးဆန့်ထုတ်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီလုပ်ပေးရင် ရပါပြီ။

Push-Up Hold

အလွယ်ပြောရမယ်ဆိုရင် ဒိုက်ထိုးတာပါပဲ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာလေးလုပ်ပေးပါ။ လုပ်နေတဲ့အချိန်မှာ အသက်ကို အတွင်းထဲအထိ ရှိုက်ရှူလိုက် ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ 5 ကြိမ်လုပ်ပေးရင် ရပါပြီ။

Twister

ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်လှည့်လိုက်၊ ညာလှည့်လိုက် လုပ်ပေးရမှာပါ။ တစ်ဖက်ကို 5 ကြိမ်စီလောက် လုပ်ပေးရုံပါပဲ။

Pilates Press

Plank ထောက်တဲ့အနေအထားဖြစ်ပေမယ့် သူက ခြေထောက်တစ်ဖက်ကိုပါ ကွေးပြီးမြှောက်ရမှာ ဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကိုလုပ်ထားပြီး ဒိုက်ထိုးသလို လုပ်ပေးရမှာပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းမြှောက်ပြီး လုပ်ရပါမယ်။ တစ်ဖက်ကို 10 ကြိမ်စီလုပ်ရမှာ ဖြစ်ပါတယ်။