Climbing Stairs Exercise လုပ်တယ်ဆိုတာက တောင်တက်လှေကားလိုမျိုး လှေကားအရှည်ကြီးတွေကို တက်တာမျိုးပါ။ ဒီလို နေ့တိုင်း Climbing Stairs Exercise လုပ်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုး ၆ ခုရှိပါတယ်။

ဝိတ်ကျခြင်း

Climbing Stairs Exercise လုပ်ပေးတာက တစ်လလောက်ဆိုရင် သိသိသာသာကို ဝိတ်ကျလာမှာပါ။ ဆေးသောက်ပြီး ဝိတ်ချမယ့်အစား Exercise လုပ်ပြီး ဝိတ်ချတာက ကျန်းမာရေးအတွက်လည်း ပိုကောင်းပါတယ်။

သွေးပေါင်ချိန်မှန်ခြင်း

Climbing Stairs Exercise ကို နေ့တိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင် သွေးပေါင်ချိန်မှန်လာပြီး နှလုံးကျန်းမာရေးလည်း ပိုကောင်းလာစေပါတယ်။

Mental Health ကောင်းခြင်း

စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ ဝမ်းနည်းဒေါသထွက်စရာတွေ ရှိနေရင်လည်း Climbing Stairs Exercise ကိုလုပ်ပေးပါ။ လုံးဝကို စိတ်ပေါ့ပါးပြီး နေလို့ကောင်းသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ Mental Health လည်း ပိုကောင်းလာစေပါတယ်။

သက်လုံကောင်းခြင်း

Climbing Stairs Exercise လုပ်ပေးခြင်းက အမောခံနိုင်လာပြီး သက်လုံးပိုကောင်းလာပါမယ်။ ဒါကြောင့် ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတဲ့ Exercise တစ်မျိုးပါပဲ။

ခေါင်းကိုက်တာသက်သာစေခြင်း

Climbing Stairs Exercise ကိုလုပ်ပေးခြင်းက ခေါင်းကိုက်တာတွေကိုလည်း သက်သာစေပါတယ်။ ခဏခဏခေါင်းကိုက်ပြီး စိတ်မကြည်မလင် ဖြစ်တတ်တဲ့သူတွေဆိုရင် နေ့တိုင်း Climbing Stairs Exercise လုပ်ပေးပါ။

ဆီးချိုရောဂါဖြစ်ပွားမှုကိုလျော့ကျစေခြင်း

နေ့တိုင်း Climbing Stairs Exercise လုပ်ပေးခြင်းက အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် Climbing Stairs Exercise က လူငယ်ကနေ လူကြီးပိုင်းအထိ လုပ်သင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။