သင့်ကို တစ်နေ့ထက်တစ်နေ့ ဝိတ်တက်လာအောင်လုပ်နေတဲ့ Bedtime Habits (၆) ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါတွေကိုသိထားမှလည်း ကိုယ်တိုင်လုပ်နေမိတာတွေ ရှိရင်လည်း ပြင်လို့ရမှာပါ။ ဝိတ်တက်အောင်လည်း ဘာမှမလုပ်ပဲ ဝိတ်တက်လာတယ်၊ ဝလာတယ်ဆိုရင် ဒီအရာတွေကို လုပ်နေမိလို့လားဆိုတာကို ပြန်စစ်ဆေးကြည့်သင့်ပါတယ်။

ညဉ့်နက်မှ Snacks စားခြင်း

ညမိုးချုပ်မှ၊ ညဉ့်နက်မှ Snacks စားခြင်းက သင့်ကို သိသိသာသာ ဝိတ်တက်၊ အဆီတက်လာစေပါတယ်။ ဒါကြောင့် ၆ နာရီမကျော်ခင်မှာ အစားအသောက်ကို ဝအောင်စားထားပါ။ ညဘက်တွေမှာ ဗိုက်ဆာတတ်ရင် Snacks တွေစားမယ့်အစား၊ အသီးအနှံတွေစားပေးတာက ပိုကောင်းပါတယ်။ ဝိတ်လည်းမတက်ပဲ ဗိုက်ပြည့်စေပါတယ်။

ညဘက်ရောက်မှကော်ဖီသောက်ခြင်း

ညဘက်ရောက်မှ ကော်ဖီသောက်ရင် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသလို ဝိတ်လည်းတက်စေပါတယ်။ မအိပ်ခင် ၆ နာရီအလိုမှာ ကော်ဖီသောက်လို့ရပါတယ်။ အဲ့ထက်နောက်ကျမှဆိုရင်တော့ Herbal Tea ပဲ သောက်သင့်ပါတယ်။

အိပ်ရေးမဝခြင်း

လူတစ်ယောက်ရဲ့အိပ်ချိန်က ၇ နာရီ၊ ၈ နာရီ ရှိဖို့လိုပါတယ်။ အိပ်ရေးမဝတာ၊ အိပ်ချိန်နည်းတာတွေက ကြာလာရင် အဝလွန်တာ၊ ဝိတ်တက်လာတာမျိုးတွေ ဖြစ်လာစေပါတယ်။ ကျန်းမာရေးလည်း ထိခိုက်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ပဲအိပ်ခြင်း

ကိုယ့်ရဲ့တစ်နေ့တာမှာ လေ့ကျင့်ခန်းလုံးဝမလုပ်ပဲအိပ်ရင် ကြာလာတဲ့အခါ ဝိတ်တက်ပြီး အဆီတွေများလာစေပါတယ်။ ဒါကြောင့် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

ညဉ့်နက်တဲ့အထိဖုန်းသုံးခြင်း

အိပ်ချိန်ပုံမှန်မအိပ်ပဲ ညဉ့်နက်တဲ့အထိ ဖုန်းသုံးနေတာမျိုးတွေက အိပ်ချိန်ကိုဖျက်စီးပစ်ပါတယ်။ ကျန်းမာရေးထိခိုက်ပြီး အာရုံကြောပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထိုင်ပြီး၊ လှဲပြီး ဖုန်းပဲသုံးနေတဲ့အတွက် အဆီတွေပိုစုပြီး ဝိတ်တက်လာစေပါတယ်။

နောက်ကျမှအိပ်ယာထခြင်း

အိပ်ချိန်လည်းပုံမှန်မရှိပဲ ထချင်တဲ့အချိန်မှထတာတွေက Body weight ကို မထိန်းပေးနိုင်ပါဘူး။ အိပ်ရေးမဝရင်လည်း ဝိတ်တက်စေသလို၊ အိပ်ရေးအဝလွန်နေရင်လည်း ဝိတ်တက်စေပါတယ်။ ညသန်းခေါင်မှအိပ်ပြီး မနက်မထပဲ နေ့လည်မှထတာမျိုးတွေကလည်း Body weight ကို မထိန်းထားနိုင်ပါဘူး။