အလုပ်များတဲ့ Busy Woman တွေရဲ့အိတ်ထဲမှာ ဒီအလှပြင်ပစ္စည်း ၇ မျိုးကိုတော့ အမြဲတမ်း ဆောင်ထားသင့်ပါတယ်။

မှန်

မှန်ကတော့ မိန်းကလေးတိုင်းရဲ့အိတ်ထဲမှာ ဆောင်ထားသင့်တဲ့ပစ္စည်းပါ။

ဘီး

အိမ်ကထွက်လာရင် ခေါင်းသေချာမဖြီးရသေးတာမျိုး၊ သပ်သပ်ရပ်ရပ် မလုပ်ရသေးတာမျိုးဆိုရင် ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ရောက်မှာဖြစ်ဖြစ် ပြင်ဆင်လို့ရအောင် ဘီးကို အမြဲဆောင်ထားသင့်ပါတယ်။

Cushion

အလုပ်မအားလို့ မိတ်ကပ်တောင်မလိမ်းနိုင်ရင် အိတ်ထဲမှာ Cushion သာဆောင်ထားပါ။ ကားပေါ်မှာတောင် အလွယ်တကူ ထုတ်လိမ်းလို့ရတာကြောင့် Cushion က အရမ်းအဆင်ပြေပါတယ်။

Powder Pact

အလုပ်မအားလို့ ဘာမှမလိမ်းနိုင်ရင် Powder Pact လေးထုတ်ပြီး ပုတ်လိုက်ရုံနဲ့တင် အိုကေနေပါပြီ။ ဒါကြောင့် Powder Pact လည်း ဆောင်ထားဖို့မမေ့ပါနဲ့။ ပင်ပန်းပြီး မျက်ကွင်းကျလာရင်၊ မျက်နှာလေးညှိုးနွမ်းလာရင်လည်း Powder Pact လေးပုတ်လိုက်ပါ။

နှုတ်ခမ်းနီ

မိန်းကလေးတစ်ယောက်က အလှမပြင်ထားရင်တောင်မှ နှုတ်ခမ်းနီဆိုးလိုက်ရင် မျက်နှာလေးလင်းပြီး လှသွားစေပါတယ်။ နုပျိုသွားစေပါတယ်။ ဒါ့အပြင် ပါးနီအဖြစ်ပါ အလွယ်တကူ အသုံးပြုလို့ရပါသေးတယ်။ ဒါကြောင့် အိတ်ထဲမှာ နှုတ်ခမ်းနီအမြဲဆောင်ထားပါ။

Eyebrow Gel

မျက်နှာမှာ မျက်ခုံးမွှေးကလည်း အသက်ပါပဲ။ ဒါကြောင့် အလုပ်တွေမအားလို့၊ အချိန်မရှိလို့ အလှမပြင်နိုင်ရင် မျက်ခုံးမွှေးဆွဲဖို့အချိန်မရှိလည်း မပူပါနဲ့။ အိတ်ထဲမှာ Eyebrow Gel သာ ဆောင်ထားပါ။ ကားပေါ်မှာတောင် အလွယ်တကူထုတ်ပြီး မျက်ခုံးမွှေးဖြီးလိုက်ရုံနဲ့ အိုကေနေပါပြီ။

ရေမွှေး

ဘယ်လောက်ပဲ အလုပ်များပြီး ပင်ပန်းနေပါစေ ကိုယ့်အနားကဖြတ်သွားရင် မွှေးနေတဲ့အနံ့လေး ရနေစေဖို့ ရေမွှေးကိုလည်း ထုတ်ဖြန်းပေးလို့ရအောင် အိတ်ဆောင်လေး ထည့်ထားပါ။ Mini လေးတွေ ဆောင်ထားရင်တော့ အကောင်းဆုံးပါပဲ။