မိန်းကလေးအများစုက အသားအရေကောင်းတာကို လိုချင်နေကြပေမယ့် သတိမထားမိဘဲလုပ်မိနေတတ်တဲ့ တချို့အကျင့်လေးတွေက အသားအရေကို အမှတ်မထင်ပျက်စီးစေမိပါတယ်။ ဒါဆို အသားအရေကို ပျက်စီးစေတဲ့အကျင့်ဆိုးတွေက ဘာတွေလဲဆိုတာ ကြည့်ကြည့်ရအောင်-

မျက်နှာကို လက်နဲ့ခနခနထိတာက လက်မှာကပ်နေတဲ့ ဖုန်နဲ့အညစ်အကြေးတွေ မျက်နှာဆီ အလွယ်တကူရောက်စေတာမလို့ ချွေးပေါက်တွေပိတ်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မျက်နှာကို လက်နဲ့ ခနခနမထိပါနဲ့။

တစ်နေကုန်ပင်ပန်းပြီး ပြန်လာတဲ့အခါမျိုးမှာ အိမ်ပြန်ရောက်တာနဲ့ အိပ်ယာပေါ်တန်းလှဲတာမျိုး မလုပ်ပါနဲ့။ မိတ်ကပ်လိမ်းပြီး အိပ်တာက အသားအရေကို ပျက်စီးစေတာမလို့ မနက်ကတည်းက လိမ်းထားတဲ့ မိတ်ကပ်နဲ့ တနေကုန်ကပ်နေတဲ့ ဖုန်နဲ့အညစ်အကြေးတွေကို ပြောင်အောင် သေချာသစ်ပေးပါ။

တစ်နေ့ကို အိပ်ချိန်နည်းတာ ၃ နာရီ ၄ နာရီလောက်ဘဲ အိပ်တာက အသားအရေကို သိသိသာသာ ပျက်စီးစေတာမလို့ ကျန်းမာတဲ့အသားအရေရဖို့ အိပ်ရေးဝဝအိပ်ပါ။ ဒါမှ မျက်ကွင်းညိုတာ၊ မျက်အိတ်ယောင်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို သက်သာစေမှာပါ။

ရေဓာတ်ကအရေးကြီးဆုံးအရာမလို့ တစ်နေ့ကို ရေ 8 ဖန်ခွက်အထိသောက်ပြီး အသားအရေရဲ့ ရေဓာတ်ကို မြှင့်တင်ပေးပါ။ ဒါမှ ရေဓာတ်ပြည့်ဝပြီး ကျန်းမာတဲ့အသားအရေကို ရမှာပါ။

အရက်သောက်တာက ရေဓာတ်ကို ဆုံးရှုံးစေပြီး ကျန်းမာရေးနဲ့ မညီညွတ်သလို ဆေးလိပ်ကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတာကြောင့် ဆေးလိပ်နဲ့အရက်ကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ပါ။

နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ Sunscreen က ကောင်းမွန်တဲ့အသားအရေကို ပိုင်ဆိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နေရောင်ထဲထွက်တဲ့အခါ Sunscreen ကို လိမ်းပေးဖို့ မမေ့ပါနဲ့။