တစ်ခါတစ်လေကျရင် ကိုယ်တိုင်လုပ်နေမိတဲ့အရာတွေကြောင့်ပဲ ဝလာတာမျိုး၊ ဝိတ်ပိုတက်လာတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေမိတာတွေက မှားယွင်းနေရင်လည်း ဆင်ခြင်လို့ရအောင် မဝချင်တဲ့သူတွေ၊ ဝိတ်ကျချင်နေတဲ့သူတွေအတွက် ပိုပြီးဝလာအောင် သင်ကိုယ်တိုင်ပဲ ပြုလုပ်မိနေတဲ့ အကျင့်ဆိုး ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

အိပ်စက်ချိန်မလုံလောက်ခြင်း

လူတစ်ယောက်ရဲ့အိပ်ချိန်က တစ်နေ့ကို ၈ နာရီရှိရပါမယ်။ အဲ့ထက်နည်းနေရင်တော့ အိပ်စက်ချိန်မလုံလောက်ပဲ ဝိတ်ပိုတက်လာစေပါတယ်။ နေ့ခင်းဘက်တွေမှာပြန်အိပ်တာနဲ့ ညဘက်ပုံမှန်အိပ်တာက လုံးဝမတူပါဘူး။

Workout မလုပ်ခြင်း

Workout မလုပ်ပဲနေရင်တော့ ဝိတ်ကျလာမှာမဟုတ်ပါဘူး။ အစားလည်းမလျှော့၊ workout လည်းမလုပ်ဆိုရင်တော့ ဝိတ်ပိုတက်ပြီး ဝလာမှာပါပဲ။ သိသိသာသာဝိတ်ကျချင်ရင်တာင် အစားပဲလျှော့လို့မရပါဘူး။ workout ပါတွဲလုပ်ပေးမှရတာပါ။

TV ကြည့်ရင်းမုန့်စားခြင်း

TV ကြည့်ရင်းနဲ့ မုန့်ထိုင်စားတာက သင့်ကို ဝိတ်ပိုတက်ပြီး ဝလာစေပါတယ်။ အဆီတွေပိုများလာစေပါတယ်။ ထိုင်ပြီးစားနေတဲ့အတွက် TV ကလည်းကြည့်နေတဲ့အတွက် မျောပြီး ကိုယ်ဘယ်လောက်စားနေမိမှန်းတောင် သတိထားမိမှာမဟုတ်ပါဘူး။

လှုပ်ရှားမှုနည်းခြင်း

လှုပ်ရှားမှုနည်းပြီး တစ်ချိန်လုံးလှဲနေတာ၊ ထိုင်နေတာမျိုးဆိုရင်တော့ ဝိတ်ပိုတက်ပြီး ဝလာမှာပါ။ ဗိုက်မှာလည်း အဆီတွေပိုစုလာပြီး ဗိုက်ခေါက်ထွက်တာ၊ ခါးအဆီတက်တာတွေ ဖြစ်လာမှာပါ။

ရေသောက်နည်းခြင်း

တစ်နေ့ကို ရေသုံးလီတာ အနည်းဆုံးသောက်ပေးရပါတယ်။ ရေသောက်တာ အဲ့ထက်နည်းမယ်ဆိုရင်တော့ ဝိတ်ကျဖို့မလွယ်ပါဘူး။ ရေသောက်များရင် ကိုယ်ရည်စစ်ပြီး ဝိတ်လည်းကျစေပါတယ်။

မနက်စာမစားခြင်း

မနက်စာမစားပဲနေတာဟာ ဝိတ်ပိုတက်ပြီး ဝစေပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ မနက်စာကို အာဟာရပြည့်ဝအောင်မစားထားတဲ့အတွက် နေ့လည်စာနဲ့ ညစာကို ပိုပြီးစားမိမှာပါ။ အဲ့ဒီအချိန်တွေမှာ အများကြီးစားတာဟာ ဝိတ်တက်ပြီးဝစေပါတယ်။