သင်က ဘဝမှာ ဘယ်ဟာ အရေးကြီးလဲ၊ ဘယ်လို ပန်းတိုင်တွေ ထားသင့်လဲ မသိသေးဘူးဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ့် ခေါင်းထဲမှာ ပန်းတိုင်၊ ရည်ရွယ်ချက်တွေ ရှိနေမှ စိတ်အားထက်သန်မှု ဆိုတာ ရှိမှာပါ။ ပန်းတိုင် ရှိမှ အချိန်မဖြုန်းနေဘဲ ကိုယ့်အချိန်တွေကို ကောင်းကောင်း အသုံးချနိုင်မှာပါ။ ပန်းတိုင် သေးသေးလေးတွေကို ဖြည်းဖြည်းချင်း ရောက်အောင် ကြိုးစားမှ သင်က အောင်မြင်သူ တစ်ဦး ဖြစ်မှာပါ။ ဒီတော့ လူတစ်ယောက်မှာ ဘယ်လို ပန်းတိုင်တွေ ရှိသင့်လဲ ကြည့်လိုက်ရအောင်-

၁။ ကျန်းမာရေး ပန်းတိုင်

ကျန်းမာရေး ပန်းတိုင် ခေါင်းစဉ်အောက်မှာ ထားနိုင်တဲ့ ပန်းတိုင်အချို့ကတော့ အသီးအရွက်တွေကို အရင်ထက် ပိုစားပေးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ပိုစားတာ စတာတွေကို ထည့်နိုင်ပါတယ်။ အိပ်ချိန်ကို အနည်းဆုံး ၇ ကနေ ၈ နာရီထားတာ စတာတွေကို ဖြစ်ပါတယ်။

၂။ ငွေကြေးဆိုင်ရာ ပန်းတိုင်

တစ်လတာ အတွင်း ဘယ်နေရာမှာ ပိုက်ဆံဘယ်လောက်သုံးမယ်၊ ဘယ်နေရာမှာ လျှော့မယ် စသဖြင့် သတ်မှတ်ထားနိုင်ပါတယ်။ ဒါ့အပြင် ငွေ ဘယ်လောက် Percent ကို စုမယ်ဆိုပြီး ထားနိုင်သလို ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံမလဲ ကြိုစဉ်းစားထားနိုင်ပါတယ်။

၃။ တစ်ကိုယ်ရေ တိုးတက်မှု ပန်းတိုင်

ကိုယ့်တစ်နေ့တာမှာ ကိုယ့်အတွေး၊ ကိုယ့်ပညာ၊ ဗဟုသုတ တိုးတက်မှု ရှိဖို့ ပန်းတိုင်တွေ ထားနိုင်ပါတယ်​​။ တစ်ကိုယ်ရေ တိုးတက်မှု ပန်းတိုင် အချို့ကတော့- စာအုပ်တစ်အုပ်ကို ပြီးအောင်ဖတ်တာ၊ သင်တန်းတစ်ခုကို စိတ်ဝင်တစား ပြီးအောင်တက်တာ၊ အကျိုးရှိတဲ့ Podcast နားထောင်တာ စတာတွေ ဖြစ်ပါတယ်။

၄။ မိဘ၊ ဆက်ဆံရေး ပန်းတိုင်

အချိန်အများစုမှာ ကိုယ့်ဘဝ တိုးတက်ဖို့ ကြိုးစားသင့်သလို ကိုယ့် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေအောင်လည်း ပန်းတိုင်ချမှတ် ထားသင့်ပါတယ်။ မိသားစုနဲ့ အချိန်ကုန်ဆုံးဖို့ ရက်သတ်မှတ်ထားတာ၊ ချစ်သူနဲ့ ဒိတ်မယ့် ရက်ကို ချန်ထားတာ စတာတွေက ထားရှိသင့်တဲ့ ပန်းတိုင်တွေပါ။

၅။ အပန်းဖြေအနားယူမှု ပန်းတိုင်

ဘယ်ရက်မှာ ဘယ်လို Self-Care လုပ်မယ် ဆိုတာက ထားရှိသင့်တဲ့ ပန်းတိုင်တစ်ခုပါ။ ကိုယ် သွားစားမယ့် စားသောက်ဆိုင်တွေကို List လုပ်ထားတာ၊ ကိုယ်သွားချင်တဲ့ နေရာတွေကို ချရေးပြီး ဖြစ်အောင် သွားတာ စတာတွေက ရှိသင့်တဲ့ ပန်းတိုင်ဖြစ်ပါတယ်​။

၆။ အလေ့အကျင့် ပန်းတိုင်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေ မွေးမြူတဲ့ ပန်းတိုင်ကိုတော့ လူတိုင်း ထားသင့်ပါတယ်။ ထားသင့်တဲ့ အလေ့အကျင့် အချို့ကတော့- ပုံမှန် Plan ဆွဲတာ၊ Morning Routine ထားတာ၊ လတိုင်း သန့်ရှင်းရေး လုပ်တာ၊ Social Media သုံးတာကို ကန့်သတ်ထားတာ၊ ပုံမှန် စာအုပ်ဖတ်တာ စတာတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar