မင်္ဂလာပါနော်။ အမျိုးသမီးတွေ ၄၀ ကျော်အရွယ်အထိ နုပျိုတင်းရင်းတဲ့ အသားအရေပိုင်ဆိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြပေးချင်ပါတယ်။ အသက်ရလာတဲ့အခါ အရေပြားတွင်း Collagen ဓာတ်နည်းလာတတ်တာမို့ အသားအရေလျော့တွဲတွဲဖြစ်တာ၊ အရေးအကြောင်းပေါ်တာတွေ အဖြစ်များပါတယ်။ ဒီလိုအရွယ်မှာ အိုမင်းရင့်ရော်ခြင်းကို လျော့ချနိုင်ဖို့ဆိုရင် ၂၀ ကျော် ၃၀ အချိန်ကတည်းက အသားအရေကို ပုံမှန်ထိန်းသိမ်းမှုလုပ်ပေးတာ အကောင်းဆုံးပါပဲနော်။ ဖော်ပြထားတဲ့ ထိန်းသိမ်းနည်းတွေက သင့်ကို အသက်အရွယ်တစ်ခုရောက်တဲ့ထိ ငယ်ရွယ်တဲ့ Glow Skin လေး ပိုင်ဆိုင်အောင် ထောက်ပံ့ပေးမှာပါ။
Cleansing သေချာလုပ်ပေးပါ
ပထမဆုံး မျက်နှာအသားအရေကို သေချာသန့်စင်ပေးတဲ့အဆင့်က အရမ်းအရေးကြီးပါတယ်။ Cleansing ကောင်းကောင်းလုပ်ပေးတဲ့အခါ အသားအရေက ဆဲလ်သေနဲ့အညစ်အကြေးတွေကွာကျပြီး အသားရောင်ကြည်လင်စေမှာပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန်သန့်စင်ပေးပြီး အရေပြားကိုမထိခိုက်စေမယ့် Cleanser အပျော့တွေသုံးပေးသင့်ပါတယ်။
Moisturizer နဲ့ Sunscreen ပုံမှန်လိမ်းပါ
နုပျိုတင်းရင်းတဲ့အသားအရေအတွက် အစိုဓာတ်ကအရမ်းအရေးကြီးပါတယ်။ ရေဓာတ်များပြီး Hyaluronic Acid ၊ Glycerin အာနိသင်တွေပါဝင်တဲ့ Moisturizer တစ်မျိုးကိုပုံမှန်လိမ်းပေးပါ။ အရွယ်မတိုင်ခင် နေလောင်ဒဏ်ကြောင့် အရေးအကြောင်းတွေမပေါ်အောင် Sunscreen နေ့တိုင်းလိမ်းပေးဖို့လည်း မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့အဆင်ပြေပြီး SPF ပါဝင်မှုပမာဏ အနည်းဆုံး ၃၀ ရှိတဲ့ Sunscreen မျိုးဖြစ်ဖို့လိုပါတယ်။
Retinol သုံးပေးသင့်ပါတယ်
အသက်အရွယ်ရလာတဲ့အခါ မျက်နှာပေါ်က အရေးအကြောင်းနဲ့ နေလောင်ထားတဲ့ အမဲစက်တွေသက်သာဖို့ ဗီတာမင်အေ ဓာတ်အခြေခံတဲ့ Retinol ပစ္စည်းတွေသုံးပေးသင့်ပါတယ်နော်။ Retinol ရဲ့အာနိသင်က ကိုယ်တွင်း Collagen ထုတ်လုပ်မှုကိုပါ မြင့်တက်စေတာမို့ အသားအရေကို တင်းတင်းရင်းရင်းလေး ဖြစ်နေစေမှာပါ။
Exfoliation ပုံမှန်လုပ်ပေးပါ
မျက်နှာအသားအရေမှာ ကပ်ကျန်နေတတ်တဲ့ ဆဲလ်သေတွေဖယ်ရှားဖို့ Exfoliate ပုံမှန်လုပ်ပေးသင့်ပါတယ်နော်။ တစ်ပတ် နှစ်ကြိမ်အများဆုံး ချေးချွတ်ပေးပြီး မျက်နှာအစိုဓာတ်ပြန်ဖြည့်ပြီး အသားကြည်စေတဲ့ Mask ကပ်တာကိုပါ တွဲလုပ်ပေးပါ။
မျက်လုံးအတွက် Eye Cream လိမ်းပေးသင့်ပါတယ်
အသက်ရလာတာနဲ့အတူ မျက်လုံးတစ်ဝိုက်အသားအရေက အရေးအကြောင်းပေါ်ပြီး ပျက်စီးလွယ်တာမို့ Eye Cream လိမ်းပေးတာမမှားပါဘူးနော်။ မျက်လုံးဘေး အသားအရေတင်းရင်းစေမယ့် Eye Cream (သို့) Serum တစ်မျိုးကို လက်ထိပ်လေးနဲ့ စိမ့်ဝင်သွားအောင် ခပ်ဖွဖွပုတ်ပြီး လိမ်းပေးဖို့လိုပါတယ်။
ကျန်းမာတဲ့နေထိုင်မှုပုံစံရအောင် ပြောင်းလဲပေးပါ
ကိုယ့်ရဲ့နေထိုင်မှုပုံစံကလည်း အသားအရေအပေါ် တိုက်ရိုက်သက်ရောက်တာမို့ ကျန်းမာရေးနဲ့ညီတဲ့ အလေ့အကျင့်တွေ မွေးမြူပေးဖို့ မမေ့ပါနဲ့နော်။ ဥပမာအနေနဲ့ ရေများများသောက်တာ၊ မျှတအောင်စားတာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေကို အကျင့်လုပ်ထားကြည့်ပါ။ တတ်နိုင်သလောက် Stress နည်းအောင်နေပြီး ညဘက်စောစောအိပ်တာမျိုးလည်း လုပ်ပေးပါ။
Photo Source: Pinterest
By MyStyle Myanmar