ဖရဲသီးက ချိုပါတယ်။ အရည်ရွှမ်းပါတယ်။ သူ့ရဲ့ ကောင်းကွက်က ဒီနှစ်ခုပဲ ရှိတာလား။ မဟုတ်သေးပါဘူး။ ဖရဲသီးစားခြင်းကြောင့် ကျန်းမာရေးကောင်းကျိုးတွေ အများအပြားရရှိနိုင်ပါသေးတယ်။ ဖရဲသီးစားခြင်းရဲ့ ကောင်းကျိုးတွေကတော့-

၁။ ရေဓာတ်ပြည့်ဝပြီး ကယ်လိုရီနည်းပါတယ်

ဖရဲသီး ၁၀၀ ဂရမ်မှာ ၃၀ ကယ်လိုရီပဲ ပါဝင်ပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် အသားအရေစိုပြေစေပြီး ငယ်ရွယ်နုပျိုစေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်ချနေသူတွေနဲ့လည်း သင့်တော်ပါတယ်။

၂။ အက်တီအောက်ဆီးဒင့်ကြွယ်ဝတယ်

ဖရဲသီးက အက်တီအောက်ဆီးဒင့်နဲ့ ဗီတာမင် အေ ဗီတာမင်စီတို့လည်း ကြွယ်ဝပါသေးတယ်။


၃။ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်

ဖရဲသီးက နှလုံးရောဂါ နဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။


၄။ ခွန်အားတိုးစေတယ်

ဖရဲသီးမှာ ပါဝင်တဲ့ ဗီတာမင် B1 နဲ့ B6 က ကြွက်သားတည်ဆောက်ရာမှာ ကူညီပေးပါတယ်။ မောပန်းလာတဲ့အချိန် စားတဲ့အခါ အမောပြေစေပါတယ်။ ဒါကြောင့် အားကစားလုပ်နေသူတွေအတွက်လည်း ဖရဲသီးက သင့်တော်ပါတယ်။


၅။ သွေးဖိအားကို လျှော့ချပေးတယ်


၆။ ခန္ဓာကိုယ်ရဲ့ pH Level ကို ထိန်းညှိပေးတယ်

ဖရဲသီးမှာ ကျန်းမာရေးကောင်းကျိုးတွေ များစွာပါဝင်ပြီး နွေရာသီနဲ့ အလိုက်ဖက်ဆုံး အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခုပဲ ဖရဲသီးစားလိုက်တော့နော်။

Photo Source: Pinterest

By MyStyle Myanmar