အိမ်တွင်းအောင်းရတာများပြီး မအီမသာဖြစ်နေပြီလား။ အားရှိအောင်ဆိုပြီး  အစားအသောက်တွေစားရင်းနဲ့ ကိုယ်အလေးအချိန်ကလည်းတဖြည်းဖြည်းနဲ့တက်လာပြီဆိုရင်တော့၊ အပြင်တွေပြန်ထွက်တဲ့အချိန်ကျရင်မလှပဲနေမယ်နော်။ လေ့ကျင့်ခန်းတွေကလည်းအများကြီးလုပ်ရမှာပြင်းတယ်၊ Gym တွေကလည်းသွားဖို့အဆင်မပြေဘူးဆိုရင်တော့ အိမ်မှာနေရင်း Plank ထောက်ဖို့အကြံပေးချင်ပါတယ်။ Plank ထောက်တဲ့လေ့ကျင့်ခန်းကိုတော့ ပေါ့သေးသေးတော့မထင်လိုက်နဲ့နော်။ Plank ကို ၅မိနစ်ထောက်ရုံနဲ့ရရှိလာတဲ့အကျိုးကျေးဇူးတွေကတော့ အံမခန်းလို့ပြောလို့ရပါတယ်။

အဆီပိုမှာဖယ်ရှာပေးနိုင်ခြင်း

တစ်နေ့လုံးစားထားသမျှအစားအသောက်တွေက ခန္ဓာကိုယ်အတွင်းမှာ ကယ်လိုရီအနေနဲ့စုစည်းနေတတ်ကြပါတယ်။ အဆီအဆိတ်တွေကြိုက်တဲ့သူဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်အတွက်ပိုပြီးတော့သတိထားပေးသင့်ပါတယ်။ Plank ထောက်ပေးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကိုကျဆင်းစေနိုင်တဲ့အပြင် ကယ်လိုရီတွေကိုလည်းလှောင်ကျွမ်းပေးနိုင်ပါတယ်။

Photo Scour-Foodspring

ကိုယ်ခံအားကောင်းမွန်ခြင်း

Plank ထောက်တဲ့အခါကြွက်သားတွေအားကောင်းစေတဲ့အတွက် ကိုယ်ခံအားကျဆင်းမှာကိုလည်းစိုးရိမ်စရာမလိုတော့ပါဘူးနော်။ တစ်ကိုယ်လုံးက Muscle တွေကိုအလုပ်လုပ်ပေးရတဲ့အတွက် လက်မောင်းကအဆီတွေကိုရော၊ ၀မ်းဗိုက်ကအဆီတွေကိုရောလျော့ချပေးတဲ့အတွက် အသားအရေးကိုလည်းတင်းစေပါတယ်။


Photo Scour -Healthshots

စိတ်ခံစားမှုကောင်းခြင်း

တစ်နေ့တာလုံးပင်ပန်းထားသမျှကိုဖြေလျော့ပေးနိုင်တဲ့အတွက် Plank ထောက်တဲ့အခါထွက်လာတဲ့ချွေးတွေက စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်တဲ့အတွက်အကြံဉာဏ်ကောင်းတွေကိုထွက်စေဖို့အတွက်အားဖြစ်စေပါတယ်နော်။

Photo Scour-Dietzone