သီချင်းဆိုတာက သင့်စိတ်ကို ပိုပျော်ရွှင်စေပါတယ်။ စိတ်ဖိစီးမှု လျော့ကျစေပါတယ်။ တချို့လူတွေက သီချင်းဆိုလိုက်ရရင်ကို သူတို့အတွက် စိတ်ထွက်ပေါက် ဖြစ်သွားပါတယ်။ ကားထဲမှာ ဖြစ်ဖြစ်၊ ရေချိုးတုန်း၊ ဇာတ်လမ်းနဲ့ လိုက်ပြီး သီချင်းဆိုတာ၊ သီချင်းနဲ့ အတူလိုက်ဆိုတာ၊ ကာရာအိုကေ ဆိုတာ စသဖြင့် အမျိုးမျိုး ဆိုတတ်ကြပါတယ်။

တချို့ရာသီခွင်တွေကတော့ လေ့ကျင့်စရာ မလိုဘဲကို သီချင်းဆိုတတ်ကြပါတယ်။ အနုပညာဝါသနာရှိတဲ့သူတို့ရဲ့ ဗီဇအရ အောက်ဖော်ပြပါ ရာသီခွင်အများစုက သီချင်းဆိုတတ်သူ များပါတယ်။

၁။ Aries

Aries ရဲ့ စွမ်းအားအကြီးဆုံး အမူအကျင့်တစ်ခုက အခက်အခဲကို ရင်ဆိုင်ရဲပြီး မားမားမတ်မတ် ရပ်တည်ရဲတာပါ။ ငြီးငွေ့တဲ့ ဘဝကြီးကို Aries တွေက သည်းမခံနိုင်ပါဘူး။ သူတို့ရဲ့ အမူအရာ၊ လက်ကလေးတွေကအစ အနုပညာလက်ကလေးတွေ ဖြစ်တတ်ပါတယ်။ သီချင်းအမျိုးအစား အမျိုးမျိုးကို ပြောင်းဆိုတတ်သူတွေက Aries တွေပါ။

၂။ Virgo

Virgo ရာသီဖွားတွေက ထူးခြားတဲ့ အသံကို ပိုင်ဆိုင်ကြပါတယ်။ သီချင်းတစ်ပုဒ်ကို အသံအတက်အကျနဲ့ သေချာ သီဆိုနိုင်သူတွေပါ။ Virgo ရာသီဖွားတွေက ခံစားချက် အပြည့်နဲ့ သီချင်းဆိုတတ်သူတွေ ဖြစ်ပါတယ်။

၃။ Taurus

Taurus တွေကတော့ သီချင်းဆိုတဲ့အခါ သူတို့စိတ်အဆုံက သီချင်းထဲ ဈာန်ဝင်သွားလေ့ရှိပါတယ်။ ဒီရာသီဖွားတွေက အသံပါရမီ ပါပါ သီဆိုလေ့ရှိသူတွေ ဖြစ်ပါတယ်။

၄။ Pisces

Pisces ရာသီဖွား အများစုက ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါသူတွေ ဖြစ်ပါတယ်​။ သီချင်းဆိုမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ဆိုလိုက်တဲ့ ကိုယ်ပိုင် အသံကို ကိုယ်တိုင် သဘောကျမိတဲ့ အထိပါပဲ။ ဒီရာသီဖွားတွေက လူအများရှေ့ သီချင်းဆိုပြဖို့ကိုလည်း ဝန်မလေးပါဘူး။

၅။ Cancer

Cancer တွေက သီချင်းဆိုတာကို ဝါသနာကြီးသူတွေ ဖြစ်ပါတယ်။ ဂီတတူရိယာတွေကို တီးခတ်တတ်သူတွေ ဖြစ်ပြီး သီချင်းဆိုတာ ထူးခြားပါတယ်။ ခံစားချက် အပြည့်နဲ့ သီချင်းဆိုတတ်ပြီး နားဆင်သူတွေရဲ့ ရင်ထဲရောက်အောင် ဖျော်ဖြေနိုင်သူတွေ ဖြစ်ပါတယ်။ တီထွင်အား ကောင်းတာကြောင့် သီချင်းတွေကိုလည်း ဖန်တီးနိုင်သူတွေ ဖြစ်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar