ဒီရာသီခွင် (၅) ခုကတော့ ခန့်မှန်းရခက်ပြီး လူတစ်ယောက်ရဲ့ စိတ်ထဲ အတွင်းကျကျ နေရာယူတဲ့အထိ စွမ်းအားရှိကြပါတယ်။ သင်မြင်ဖူးမှာပါ။ တချို့တွေက သင်သိပ်စဉ်းစားစရာမလိုဘဲနဲ့တောင် သင့်ခေါင်းထဲရောက်နေတတ်ပါတယ်။ ဒါက သူတို့ရဲ့ ထူးခြားမှုနဲ့ စွမ်းအင်တစ်ခုကြောင့်ပါ။ ဒီရာသီခွင် (၅) ခုထဲမှာ သင်ကော ပါဝင်နေမလား ကြည့်လိုက်ရအောင်နော်-

၁။ Taurus (April 20 – May 20)


Taurus ရာသီဖွားတွေက ခေါင်းမာကြပါတယ်။ ဒီလိုခေါင်းမာမှုကြောင့်ပဲ သင့်ကို ရူးသွပ်စေတာပါ။ ဉာဏ်ပညာကြီးမားကြပြီး စကားများရန်ဖြစ်တဲ့ အချိန်လည်း Taurus ရာသီဖွားတွေက မှန်ကန်တဲ့စကားလုံးတွေနဲ့ လူတစ်ယောက်ကို ရိုက်ချတတ်ပါတယ်။ သင့်ဘက်က ဘယ်လောက်ထိပဲ မှန်ကန်ရိုးသားနေပါစေ Taurus တွေနဲ့ စကားနိုင်လုတဲ့အချိန် သင်ပဲ ရှုံးသွားတတ်ပါတယ်။

၂။ Gemini (May 21 – June 20)


Gemini ရာသီဖွားတွေက ပါးစပ်က တစ်ခွန်းပြောပေမယ့် လက်တွေ့မှာတော့ နောက်တစ်မျိုးပြောင်းလုပ်တတ်ပါတယ်။ Gemini တွေရဲ့ မကောင်းတဲ့အချက်က လူတစ်ယောက်မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောတတ်တာပါ။ သူတို့က အဲ့လိုပြောရမှကို နေတတ်တာပါ။ အယူအဆတွေ အတွေးအခေါ်တွေ အမြဲပြောင်းလဲတတ်တာမို့ သူတို့က ခန့်မှန်းရခက်သူတွေပါ။ ဒီအချက်တွေကပဲ သင့်ကို ရူးသွပ်စေတာပါ။

၃။ Virgo (August 23 – September 22)


Virgo ရာသီဖွားတွေကလွယ်လွယ်နဲ့ လက်လွှတ်တတ်သူတွေမဟုတ်ပါဘူး။ ပြီးပြည့်စုံကို မက်မောကြပါတယ်။ အငြိုးကြီးပါတယ်။ သင်က သူတို့ကို ဝေဖန်လိုက်တာနဲ့ သူတို့က ဒါကို မှတ်ထားတတ်ကြပါတယ်။ သူတို့လုပ်တဲ့အရာတိုင်းကို ပြီးပြည့်စုံအောင် ကြိုးစားတတ်တာမို့ ဝေဖန်စကားတွေကို မလိုချင်ကြပါဘူး။

၄။ Libra (September 23 – October 22)


ထိပ်တိုက်ရင်ဆိုင်ရတာတွေကို Libra သမားတွေက မလိုလားပါဘူး။ တခုခုမှားယွင်းနေတယ်ဆိုရင်လည်း အဆင်ပြေသလိုပုံစံ ဟန်ဆောင်တတ်ပါတယ်။ သူတို့ရဲ့ ဒီအကျင့်က သင့်ကို စိတ်အနှောင့်အယှက်ပေးတာပါ။ မှားနေတာသိလျက်နဲ့ သူတို့ရဲ့ ဟန်ဆောင်ကောင်းမှုကို မြင်ရတဲ့သင်က မနေတတ်မထိုင်တတ်ဖြစ်တတ်ပါတယ်။ ပဋိပက္ခတွေကို Libra ရာသီဖွားတွေက ဝေးဝေးရှောင်တတ်ပါတယ်။

၅။ Pisces (February 19 – March 20)


Pisces ရာသီဖွားတွေက ကိုယ့်အတွေးကမ္ဘာထဲမှာ ကိုယ်ပျော်နေတတ်သူတွေပါ။ သင်ပြောတဲ့စကားကို သူတို့ နားထောင်သလိုလိုနဲ့ အမှန်တော့ သူတို့က ကိုယ်ပိုင်အတွေးကမ္ဘာထဲ ရောက်နေတာပါ။ တီထွင်ဖန်တီးလိုစိတ်ကြောင့် တာဝန်ယူရတာတွေကို Pisces ရာသီဖွားတွေက မုန်းပါတယ်။ ခန့်မှန်းလို့မရတဲ့အထဲမှာ Pisces ရာသီဖွားတွေပါဝင်ပါတယ်။ ဒါကပဲ သင့်ကို စိတ်အနှောင့်အယှက်ပေးတာပါ။ သင်နဲ့ ချိန်းထားတဲ့နေရာကို နီးမှ ဖြတ်တတ်တဲ့ Pisces တွေကို အပြစ်မတင်ပါနဲ့။ သူတို့အတွေးထဲ ဘာရောက်နေလဲဆိုတာ ဘုရားပဲ သိပါတယ်။

သင်က ဒီရာသီခွင်တွေထဲပါနေရင် Share သွားဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar