မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ လူဆိုတာ တစ်ယောက်တည်းနေလို့မရပါဘူး။ အပေါင်းအဖော် မိတ်ဆွေတွေရှိမှ ဘဝက စိုပြေနိုင်မှာပါ။ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုတာကတော့ ကိုယ်အကူအညီလိုတဲ့အချိန် အမြဲအနားမှာရှိသူတွေလို့ ပြောကြပါတယ်။

ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းတွေထဲကမှ Best Friend ပီသတဲ့ ရာသီခွင် ၅ ခုကို ပြောပြလိုပါတယ်။ တခြားရာသီခွင်တွေက Best Friend မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

ဒီရာသီခွင် ၅ ခုကတော့ သူတို့ရဲ့ စိတ်နေစိတ်ထားတွေကြောင့် သူငယ်ချင်းကောင်းဖြစ်နိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၁။ Gemini (May 21 ကနေ June 21)

ဒီရာသီခွင်ဖွားတွေက ကိုယ်ချစ်တဲ့လူတွေကို ဂရုစိုက်တတ်ကြပါတယ်။ သူတစ်ပါး ပြောစကားကိုလည်း ဂရုတစိုက်နားထောင်ပေးတတ်ပါတယ်။ သင်ပြောသမျှ အကုန်လုံးကို ဂရုတစိုက်နားထောင်ပေးပြီး အကြံပေးတတ်သူဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေလည်းဖြစ်ပါတယ်။

ဒီရာသီမှာ မွေးဖွားသူတွေကို သူငယ်ချင်းအနေနဲ့ ပိုင်ဆိုင်ထားရင်တော့ သင်က ကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သင်ပြောသမျှကို နားထောင်ဖို့ အမြဲအချိန်ပေးလို့ပါ။

၂။ Leo (July 23 ကနေ August 23)

Leo ရာသီဖွားတွေက ရက်ရောသူတွေဖြစ်ပါတယ်။ လူတစ်ယောက်ကို တကယ်ခင်တယ်ဆိုရင် ဘာလုပ်ပေးရပေးရ အကုန်လုပ်ပေးဖို့ အသင့်ပါပဲ။ သူတို့ကိုယ်သူတို့လည်း ချစ်တတ်ပြီး သင့်ကိုလည်း ခင်ပြီဆိုတာနဲ့ ဘာဖြစ်ဖြစ်ကာကွယ်ပေးတတ်ကြပါတယ်။

သင်က ကံဆိုးတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဒီရာသီဖွားတွေက သင်ပြုံးအောင် လုပ်ပေးနိုင်ပါတယ်။ သင့်ရဲ့နေ့ရက်ကို လှပစေမှာပါ။ သူတို့က ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလွန်းတာကြောင့် ပထမအစမှာတော့ သင့်အတွက်ပေါင်းရခက်နေမှာပါ။ ပေါင်းကြည့်တော့မှ ခြင်္သေ့ကြီးမဟုတ်ဘဲ ကြောင်လေးဖြစ်နေတတ်ပါတယ်။

၃။ Virgo (August 23 ကနေ September 23)

သူငယ်ချင်းကောင်းစာရင်းထဲမှာ Virgo ကိုလည်း ထည့်တွက်နိုင်ပါတယ်။ သူတို့က သူငယ်ချင်းကောင်းဆိုတဲ့ ဂုဏ်သတ္တိအပါအဝင် အစစအရာရာကို ပြည့်စုံအောင် ကြိုးစားနေသူတွေပါ။ သစ္စာရှိပြီး သင်လိုအပ်တဲ့အချိန်တိုင်း သူက အနားမှာရှိနေမှာပါ။ Virgo က သူငယ်ချင်းတွေအားလုံးကို ဂရုစိုက်ပေးသူဖြစ်ပါတယ်။

၄။ Libra (September 23 ကနေ October 23)

သင်က တစ်သက်တာအတွက် သူငယ်ချင်းကောင်းကို သတ်မှတ်ချင်ပါက Libra ကို သတ်မှတ်နိုင်ပါတယ်။ သူတို့က စိတ်ရှည်ပြီး သင့်ကို ကောင်းကောင်းပံ့ပိုးပေးနိုင်ပါတယ်။ သင်ပြောသမျအားလုံးကို နားထောင်ပေးမှာပါ။ သင်နာကျင်တဲ့အချိန်လည်း သူပါ လိုက်ပြီး စိတ်ညစ်တတ်ပါတယ်။ သင့်ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်ပြီး သင့်မျက်နှာမှာအပြုံးပန်းဝေစေသူပါ။

၅။ Capricorn (December 22 ကနေ January 20)

ဒီရာသီဖွားတွေက မိသားစုနဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားပါတယ်။ သင့်ရည်းစားနဲ့ပြတ်သွားတဲ့အချိန် အနားမှာရှိတာလည်း သူတို့ပါပဲ။ သင့်ကို အဆင်ပြေသွားအောင် လုပ်ပေးတတ်ပြီး သင်ငိုတဲ့အချိန် သူတို့ပါ လိုက်ငိုမှာပါ။ သင်ပျော်အောင် အမြဲလုပ်ပေးသူပါ။

တစ်ခု သတိထားရမှာက သင်သာ ဒီရာသီခွင်ပိုင်ရှင်တွေကို နာကျင်အောင် လုပ်လိုက်မိရင်တော့ သူတို့က သင့်ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar