ကိုယ့်ရဲ့ အကြိုက်၊ နေထိုင်မှု၊ ရွေးချယ်မှုပုံစံအလိုက် အသက်ကြီးတာတောင် ကိုယ့်အကြိုက်မတွေ့သေးသူတွေရှိပါတယ်။ ဒီရာသီခွင်ကတော့ တစ်ယောက်တည်း နေရတာကြိုက်သလို အပျိုကြီး လူပျိုကြီးတွေဖြစ်ဖို့ အခွင့်အရေးများတဲ့ရာသီခွင်တွေဖြစ်ပါတယ်။

၁။ Aquarius (January 20 – February 18)


Aquarius ရာသီဖွားတွေက သူတို့အကြောင်းကို တခြားသူတွေဆီ လုံးဝမပြောပြချင်ပါဘူး။ နှလုံးသားတံခါးပိတ်ထားတတ်ပြီး သူတို့ကိုယ်သူတို့ မနာကျင်ရအောင် ကာရံထားတတ်ကြပါတယ်။

၂။ Capricorn ( December 22 – January 19)


Capricorn ရာသီဖွားတွေက သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေကိုပဲ ရှေ့တန်းတင်ကြပါတယ်။ ဒါပေမဲ့ သူတို့အချစ်ကို ပိုင်ဆိုင်ထားရင်တော့ သင်က ကံကောင်းသူပါ။ သူတို့က သစ္စာရှိသူတွေဖြစ်ပါတယ်။ ရည်ရွယ်ချက်ကြီးပြီး လိုချင်တဲ့စံနှုန်းတွေမြင့်မားတာမို့ အပျိုကြီးလူပျိုကြိးဖြစ်ဖို့ မကြောက်တတ်ကြပါဘူး။

၃။ Virgo (August 23 – September 22)


ဒီရာသီဖွားတွေက အတွေးများသူတွေဖြစ်ပါတယ်။ စိုးရိမ်သောကများကြပါတယ်။ အကောင်းဆုံးတွေကိုမှ လိုချင်သူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အကောင်းဆုံးကြိုးစားနေသလို လက်တွဲဖက်မှာ သူတို့လိုချင်တာနဲ့ မကိုက်ညီဘူးဆိုရင်လည်း လက်လွှတ်ဖို့ ဝန်မလေးကြပါဘူး။

၄။ Aries (March 21 – April 19)


Aries တွေက ရည်မှန်းချက်ကြီးသလို မျှော်လင့်ချက်လည်း ကြီးမားကြပါတယ်။ သူတို့လိုချင်တဲ့အရာကို ပိုင်ဆိုင်ဖို့ ကြိုးစားနေသူတွေဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးတာကြောင့် အချစ်ရေးမှာလည်း မျှော်လင့်ချက် အများအပြားထားတတ်ပါတယ်။ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ တစ်ယောက်တည်းဖြစ်သွားတတ်ပါတယ်။

၅။ Taurus (April 20 – May 20)


Taurus ရာသီဖွားတွေက ခေါင်းမာပါတယ်။ ဂျီးများကြပါတယ်။ ရည်းစားထားတဲ့အခါလည်း အကြိုက်တွေ့တာနည်းပါတယ်။ ဒါကြောင့်လည်း တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar