အားလုံးပဲ မင်္ဂလာပါ။ ရာသီခွင်တွေထဲမှာ ရည်းစားအတော်သင့်ဆုံး ရာသီခွင်တွေရှိပါတယ်။ တချို့တွေက စိတ်ကူးယဉ်ဆန်ဆန် စိတ်ကူးလေးတွေ စဉ်းစားတတ်ပြီး အချစ်ရေးကို အမြဲတောက်ပအောင် ပြုလုပ်တတ်ကြပါတယ်။ သင်က ဒီရာသီခွင်မွေးတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်သူတော်ထားရင်တော့ ကံကောင်းတဲ့သူတစ်ယောက်ပါ။ ဒီတော့ Girlfriend Material တွေက ဘယ်ရာသီခွင်တွေများလဲ ကြည့်လိုက်ရအောင်နော်-

၁။ Libra (September 23 – October 22)


Libra ရာသီဖွားမိန်းကလေးတွေက ကြင်နာတတ်ပြီး မေတ္တာကြီးသူတွေပါ။ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို တန်ဖိုးထားတာမို့ အချစ်ရေးမှာ အမြဲပြေလည်အောင် လိုက်လျောညီထွေနေတတ်ပါတယ်။ သူမက စိတ်ထိခိုက်လွယ်ပြီး နားလည်မှု အပြည့်အဝပေးသူဖြစ်ပါတယ်။ သင်စိတ်ညစ်နေတဲ့အချိန်လည်း သူမက စိတ်အားထက်သန်မှု အပြည့်ပေးနိုင်သူဖြစ်ပါတယ်။

၂။ Pisces (February 19 – March 20 )


Pisces တွေက အခြားသူတွေရဲ့ လိုအပ်ချက်ကို အမြဲသဘောပေါက်တတ်ပါတယ်။ သင်စိတ်ဓာတ်ကျတဲ့အခါလည်း သူမက ဒါကို သဘောပေါက်ပြီး သင်ပျော်အောင် ကြိုးစားပေးတတ်သူဖြစ်ပါတယ်။ သူမက စိတ်ကူးယဉ်ဆန်ပြီး သင့်ကို ရုပ်ရှင်ဆန်ဆန်ဇာတ်လမ်းတစ်ခုထဲ ရောက်သွားသလို ခံစားစေမှာပါ။ Pisces တွေက သင့်လက်ကို အမြဲတွဲပြီး သင်တည်ငြိမ်အောင် ထိန်းပေးသူတွေဖြစ်ပါတယ်။

၃။ Taurus (April 20 – May 20)


Taurus ရာသီဖွားမိန်းကလေးတွေက နူးနူးညံ့ညံ့လေးတွေ မဟုတ်ဘဲ စိတ်ဓာတ်မာသူတွေဖြစ်ပါတယ်။ သူတို့ဘဝမှာ သင်က အရေးပါတဲ့လူတစ်ယောက်ဆိုရင်တော့ သူတို့အချိန်အားလုံး အရာရာကို ပေးဆပ်ဖို့ အသင့်ရှိသူတွေပါ။ သင့်ရဲ့ အရှိအတိုင်းကို သူမက လက်ခံထားပြီး ပြောင်းလဲဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ Taurus က သင့်ရဲ့ အခင်ဆုံးသူငယ်ချင်းတဖြစ်လည်း အားကိုးနိုင်သူတွေဖြစ်ပါတယ်။

၄။ Aries (March 21 – April 19)


Aries ရာသီဖွားတွေက သူတို့လိုချင်တဲ့အရာကို ရအောင်လုပ်တတ်ပါတယ်။ အကောင်းဆုံးမျှော်လင့်တတ်သူတွေဖြစ်ပြီး အကောင်းမြင်စိတ်ရှိသူတွေဖြစ်ပါတယ်။ သူမက သင့်ကို ပျော်ရွှင်အောင်ထားမယ့် Girlfriend ကောင်းတစ်ဦးပါ။

၅။ Sagittarius (November 22 – December 21)

Sagittarius တွေက သင့်ဘဝကို အကောင်းဘက် ဦးတည်အောင် ပြောင်းလဲပေးနိုင်သူတွေဖြစ်ပါတယ်။ ဖော်ရွေပြီး ပေါငး်သင်းရလွယ်သူတွေဖြစ်ပါတယ်။ သင့်အတွက် သီးသန့်အချိန်ပေးပြီး လေးစားမှုအပြည့်ရှိသူတွေဖြစ်ပါတယ်။ တခြားမိန်းကလေးတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ Girlfriend က Sagittarius ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar