အိပ်မပျော်တတ်တဲ့ဝေဒနာရှိရင် ဆေးသောက်တာထက် ယောဂကျင့်တာက ပိုပြီးကောင်းပါတယ်။ ယောဂကျင့်တာက မပင်ပန်းတဲ့အပြင် အညောင်းအညာပြေပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးစေပါတယ်။ စိတ်လည်းတည်ငြိမ်စေပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့သူတွေအတွက် နေ့တိုင်းလုပ်ပေးသင့်တဲ့ ယောဂကျင့်စဉ် ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Forward Fold

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို လုံးဝမကွေးပဲဆန့်ပြီး ခါးကနေ ငုံ့ချပါ။ လက်ဖဝါးနှစ်ဖက်က ကြမ်းကိုထိနိုင်အောင် လုပ်ပေးပါ။ အဲ့အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ်လုပ်ပါ။ ၁၀ စက္ကန့်လောက်နေပြီးရင် မတ်တပ်ပြန်ရပ်၊ ပြီးရင် အဲ့အတိုင်း ပြန်နေပါ။ စုစုပေါင်း ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် လုပ်ပေးရပါမယ်။

Supine Twist

ပုံမှာပြထားတဲ့အတိုင်းနေပေးပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှူသွင်းရှူထုတ် ၅ ခါလုပ်ပါ။ ၅ ခါပြည့်ရင် ဘယ်ညာပြောင်းပြီး အဲ့အနေအထားနဲ့ ထပ်နေပါ။ ခုနကလိုပဲ အသက်ကို ခပ်ပြင်းပြင်းလေး ရှူသွင်းရှူထုတ် ၅ ခါလုပ်ပါ။ အဲ့လိုပဲ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

Puppy Pose

ပုံမှာပြထားတဲ့ Puppy Pose အနေအထားနဲ့နေပြီး အသက်ကို ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ ၁၀ ကြိမ်လုပ်ပါ။ ၁၀ ကြိမ်ပြည့်ရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း ၅ ကြိမ် (သို့) ၁၀ ကြိမ် လုပ်ပေးပါ။

Child’s Pose

ပုံမှာပြထားတဲ့ Child’s Pose အနေအထားနဲ့နေပြီး အသက်ကိုရှူသွင်းရှူထုတ် ၁၀ ကြိမ်လုပ်ပါ။ ပြီးရင် ခါးပြန်မတ်ပါ။ ပြီးရင် ပြန်ငုံ့ပြီး Child’s Pose အနေအထားနဲ့ အသက်ကိုရှူသွင်းရှူထုတ် ၁၀ ကြိမ် ပြန်လုပ်ပါ။ အဲ့အတိုင်း စုစုပေါင်း ၅ ကြိမ်လုပ်ပေးရင် ရပါပြီ။

Legs-Up-the-Wall Pose

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို နံရံမှာကပ်ထောင်ထားပြီး လက်နှစ်ဖက်ကို ဘေးဆန့်ထားပါ။ အဲ့အနေအထားနဲ့ မျက်စိမှိတ်၊ အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးလို့ရပါတယ်။