အလုပ်ကြောင့်ဖြစ်စေ ဒါမှမဟုတ် တခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ လူတိုင်းက စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများတော့ ခံစားနေရပါတယ်။ အလုပ်များတဲ့နေ့တွေမှာ ကိုယ့်ကိုကိုယ် အချိန်ပေးတာက စိတ်ဖိစီးမှုကို လျှော့ချဖို့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့အတွက် ယောဂက ကူညီပေးနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် ယောဂကျင့်စဉ် (၅)ခုကတော့ သင့်ဘဝမှာရှိနေတဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တဲ့ ယောဂကျင့်စဉ် (၅)ခုပါ။

Forward Fold

ဒီ Forward Fold ကို မက်တပ်ရပ်ပြီးလုပ်လို့ရသလို ထိုင်ပြီးလုပ်လို့လည်း ရပါတယ်။ အရင်ဆုံး အသက်ပြင်းပြင်းရှုသွင်းတာနဲ့ စလိုက်ပါ။ ထိုင်ပြီးလုပ်တဲ့အခါ ခြေထောက်တွေကို ဆန့် ဒူးကို နည်းနည်းကွေးပြီး ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်ပါ။ ဖြည်းဖြည်းချင်း အသက်ပြင်းပြင်းရှူရင်း ရင်ဘတ်ကို ပေါင်နားထိ နိမ့်ချလိုက်ပြီး လက်နှစ်ဖက်ကို ခြေဖဝါးဆီရောက်အောင် ပို့လိုက်ပါ။ မက်တပ်ရပ်လုပ်မယ်ဆိုရင် လက်နှစ်ဖက်က တံတောင်တဖက်ဆီကို ကိုင်လိုက်ပါ။ ၁၀ မိနစ်လောက် အသက်ပြင်းပြင်းရှူပြီး စမ်းကြည့်ပါ။

Eagle Pose

ဒီ Pose က ကိုယ်ဟန်အနေအထားကို ဟန်ချက်ညီအောင်ထိန်းရတာမလို့ လက်ရှိအခိုက်အတန့်ကိုဘဲ အာရုံစိုက်ထားရမှာပါ။ အရင်ဆုံး ညာဘက်ခြေထောက်ကို ဖြည်းဖြည်းချင်းဆွဲယူပြီး တင်ပျဉ်ခွေထိုင်သလို ဘယ်ဘက်ခြေထောက်ပေါ်ကို တင်လိုက်ပါ။ ပြီးရင် လက်နှစ်ဘက်ကို လက်ပြန်ချိတ်လိုက်ပါ။ ဒီကိုယ်ဟန်အနေအထားက စိတ်ဖိစီးမှုတွေကို ပြေလျော့စေတာမလို့ တစ်ဖက်ကို အနည်းဆုံး 5 မိနစ်လောက်ကြာအောင် လုပ်ပေးပါ။

Cat/Cow Flow

ခါးကို ကုန်းတာ မတ်တာ စတဲ့ ဒီကိုယ်ဟန်တွေက ကျောရိုးနဲ့ နောက်ကျောမှာရှိတဲ့ ကြွက်သားအားလုံးကို သက်သာစေသလို လှုပ်ရှားနေတုန်းမှာလည်း အသက်ရှုတာကို တည်ငြိမ်စေဖို့ ကူညီပေးပြီး စိတ်ကိုအေးချမ်းစေပါတယ်။

Child’s Pose

ဒီကိုယ်ဟန်က တင်ပါးတစ်လျှောက် တင်းမာမှုတွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ အရင်ဆုံး ဒူးထောက်ထိုင်ပြီး ရင်ဘတ်နှင့် နဖူးကို ကြမ်းပြင်ပေါ်သို့ နိမ့်ချလိုက်ပြီး လက်တွေကို အရှေ့ကို ဆန့်ထုတ်လိုက်ပါ။ ပခုံးနဲ့အပေါ်ပိုင်းအတွက် သက်သာစေဖို့ တံတောင်ဆစ်များကို ကွေးလိုက်ပါ။ အသက် ပြင်းပြင်း 10 ကြိမ် ရှူပါ ။

Legs Up the Wall

ဒါက အိပ်ရာမဝင်ခင် စိတ်အပန်းဖြေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုကို ပြေပျောက်စေမယ့် အခွင့်အရေးတစ်ခုပါပဲ။ ခြေထောက်ကို နံရံပေါ်ထောင်လိုက်ပါ။ တင်ပါးအောက်မှာ ထောက်ထားဖို့ လိုအပ်ရင် စောင် သို့မဟုတ် ခေါင်းအုံးကို ထည့်ပါ။တ်နိုင်သမျှ သက်တောင့်သက်သာဖြစ်အောင် လုပ်ပါ၊ မျက်လုံးကိုမှိတ်ပြီး အေးအေးဆေးဆေး သီချင်းဖွင့်ပါ။ စိတ်ဖိစီးနေတဲ့ အတွေးတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေကို လွှတ်ချလိုက်ပါ။ အခိုက်အတန့်လေးမှာ စိတ်အေးချမ်းသာသာနဲ့ အပြည့်ရှိနေပါစေ။ ကြိုက်သလောက် နေပါ။