နောက်ကျောဘက်က အဆီတွေများနေတယ်ဆိုတာက ကယ်လိုရီများတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသင့်စား အစားအသောက်တွေကြောင့် ဖြစ်သလို အထိုင်များတဲ့အခါမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို နောက်ကျောကအဆီတွေ အမြန်ဆုံးလျော့ကျစေမယ့် Yoga Pose (5) ခုကို မျှဝေပေးလိုက်ပါတယ်။

Wheel pose

Yoga ဖျာပေါ်မှာ ပုံမှာလုပ်ပြထားတဲ့အတိုင်း 1 မိနစ်နေပေးရမှာ ဖြစ်ပါတယ်။ Yoga လုပ်နေကျသူအတွက်တော့ အဆင်ပြေမှာပါ။

ဒီ Yoga က ခန္ဓာကိုယ်အောက်ပိုင်းရှိ ကြွက်သားများကို အားကောင်းစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် နောက်ကျောမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ပခုံးနဲ့ လည်ပင်း၊ ဇာတ်ကြော တောင့်တင်းမှုတွေကိုလည်း သက်သာစေပါတယ်။

Bridge pose

Yoga ဖျာပေါ်မှာ လှဲပြီးတော့ ခန္ဓာကိုယ်အောက်ပိုင်းကို အပေါ်မြှောက်ထားပါ။ အဲ့အတိုင်း 1 မိနစ်နေပေးရမှာပါ။ အဲ့လိုနေနေတဲ့အချိန်မှာ အသက်ကိုခပ်ပြင်းပြင်း ရှူထုတ်လိုက်၊ ပြန်ရှူသွင်းလိုက်နဲ့ လုပ်ပေးရပါမယ်။

ဒီ Yoga က ခန္ဓာကိုယ်အပေါ်ပိုင်းအဆီတွေကို လျော့ကျစေပါတယ်။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းရှိ အဆီတွေကိုလည်း လျင်မြန်စွာလောင်ကျွမ်းစေပါသည်။ ဒါ့အပြင် သွေးလည်ပတ်မှုလည်း အားကောင်းစေပါတယ်။

Cobra pose

ပုံမှာလုပ်ပြထားတဲ့အနေအထားနဲ့ စက္ကန့် 30နေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ် လုပ်ပေးပါ။ အချိန်ပြည့်ရင် ခန္ဓာကိုယ်ကို ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် အဲ့လိုပြန်လုပ်ပါ။ 3 ကြိမ်လုပ်ပေးရပါမယ်။

ဒီ Yoga က ကယ်လိုရီတွေလောင်ကျွန်းစေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ရာသီလာစဉ် ကြွက်တက်ခြင်း နှင့် ကြွက်သားများနာကျင်ခြင်းတွေကိုလည်း သက်သာစေပါတယ်။

Bow pose

Yoga ဖျာကို ဗိုက်နဲ့ကပ်ထားပြီး ခြေထောက်နှစ်ချောင်းကို ပုံမှာလုပ်ပြထားသလို မြှောက်ထားပါ။ လက်နှစ်ဖက်နဲ့လည်း ခြေထောက်ကို ကိုင်ထားရပါမယ်။ အဲ့အတိုင်းခဏနေလိုက်၊ လက်နဲ့ခြေထောက်ကို ပြန်ချလိုက်နဲ့ တစ်လှည့်စီ လုပ်ပေးနေရပါမယ်။

ဒီ Yoga က ကြွက်သားတင်းနေတာတွေကို လျှော့ချပေးပြီး အစာခြေစနစ် ပိုကောင်းလာစေတယ်၊ ကိုယ်ဟန်အနေအထားလည်း ပိုကောင်းလာစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပေါ်ပိုင်းတဝိုက်မှာ စုပြုံနေတဲ့ အဆီတွေကို လျော့ကျစေပါတယ်။

Triangle pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို သေချာဆန့်တန်းပြီး နေပေးရမှာပါ။ အဲ့အတိုင်း စက္ကန့် 30 နေပြီး အချိန်ပြည့်ရင် ခန္ဓာကိုယ်ကို ပြန်မတ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 5 ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

ဒီ Yoga က ခါးအဆီနဲ့ နောက်ကျောကအဆီတွေ လျော့ကျသွားအောင် ကူညီပေးပါတယ်။