ယောဂကျင့်ပေးခြင်းက စိတ်ပိုင်းဆိုင်ရာအတွက်လည်း အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ overthinking ဖြစ်တာကို လျှော့ချပေးမယ့် ယောဂကျင့်စဉ် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Eagle Pose

ပုံမှာပြထားတဲ့ Eagle Pose အတိုင်း balance ညီအောင်ရပ်ပြီး အဲ့အတိုင်း အသက်ကို ရှူသွင်းရှူထုတ်လုပ်ပေးပါ။ တခြားကိုစိတ်မရောက်ပဲ အသက်ရှူသွင်းရှူထုတ် လုပ်တဲ့အပေါ်မှာပဲ စိတ်နှစ်ပြီးလုပ်ပါ။ အနည်းဆုံး စက္ကန့် ၃၀ တော့ အဲ့ pose အတိုင်းနေပေးပါ။

Child’s Pose

ပုံမှာပြထားတဲ့ Child’s Pose အတိုင်းနေပေးပြီး အသက်ကို ရှူသွင်းရှူထုတ် လုပ်ရမှာပါပဲ။ နဖူးနဲ့ကြမ်းကို ထိအောင်နေရပါမယ်။ အဲ့အတိုင်း ၁ မိနစ်ပြည့်အောင်နေပေးပါ။

Camel Pose

မျက်စိမှိတ်ပြီး ပုံမှာပြထားတဲ့ Camel Pose အတိုင်းလုပ်ရပါမယ်။ လက်ချောင်းတွေက ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားပါ။ စိတ်ကိုရှင်းထုတ်လိုက်ပြီး အဲ့ pose နဲ့ စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ နေပေးပါ။ ပုံမှန်အတိုင်းပဲ အသက်ကို ရှူသွင်းရှူထုတ် လုပ်ပေးပါ။

Ocean Breath

ပုံမှာပြထားတဲ့ အနေအထားအတိုင်းထိုင်ပြီး အသက်ကိုခပ်ပြင်းပြင်း ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးရုံပါပဲ။ ဒီယောဂကျင့်စဉ်ကတော့ လုပ်နိုင်သလောက် ကြာကြာလေးသာလုပ်ပေးပါ။ စိတ်တည်ငြိမ်စေပြီး စိတ်ရှုပ်ထွေးစရာတွေအားလုံး လျော့ကျသွားစေပါတယ်။

Sun Salutations

ပုံမှာပြထားတဲ့ Sun Salutations အနေအထားအတိုင်း စက္ကန့် ၃၀ နေပေးပြီး အသက်ကို ရှူသွင်း ရှူထုတ် ပုံမှန်လုပ်ပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး နောက်ထပ်စက္ကန့် ၃၀ ထပ်နေပေးရုံပါပဲ။ အရမ်းလွယ်ပါတယ်။