နေ့စဉ်ဘဝမှာ Yoga လုပ်ပေးတာက အရမ်းကောင်းတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် တော်တော်များများက အထူးသဖြင့် လူငယ်တွေက အမျိုးမျိုးသော အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တာ၊ ခံစားရတာမျိုးတွေ ဖြစ်နေကြတာပါ။ ဒါကြောင့်လည်း စိတ်ဓာတ်ရောဂါဖြစ်ကြတဲ့ သူတွေက ပိုပိုပြီး များပြားလာပါတယ်။ ဒီလို စိတ်ကျရောဂါ ခံစားနေရတဲ့သူတွေက ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ Yoga လုပ်ပေးသင့်ပါတယ်။

Downward-Facing Dog Pose

ပုံမှာလုပ်ပြထားတဲ့ Downward-Facing Dog Pose အတိုင်း အနည်းဆုံး ၁ မိနစ်လောက် နေပေးပါ။ သွေးစီးဆင်းမှုကောင်းမွန်စေပြီး စိုးရိမ်ပူပန်မှုတွေ ပြေပျောက်စေတဲ့အတွက် စိတ်ကျတာကိုလည်း တိုက်ထုတ်ပေးဖို့ အထောက်အကူပြုပါတယ်။

Bridge Pose

ဒီ Bridge Pose အနေအထားနဲ့ အနည်းဆုံး စက္ကန့် ၃၀ နေပေးရပါမယ်။ အချိန်ပြည့်ရင် ၁၀ စက္ကန့်နားပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။ ကြွက်သားတွေကို ဆန့်ထုတ်လိုက်ရတဲ့ Yoga ဖြစ်တာကြောင့် ကြွက်သားနာကျင်တာတွေ သက်သာစေပြီး Relax ဖြစ်စေတဲ့အတွက် စိတ်ဖိစီးမှုတွေ ပြေပျောက်စေပါတယ်။

Corpse Pose

ပုံမှာလုပ်ပြထားတဲ့ Corpse Pose အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးရမှာပါ။ ၁ မိနစ်ကနေ ကိုယ်နေနိုင်သလောက် နေပေးပါ။ စိတ်ရောကိုယ်ပါ Relax ဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို သိသိသာသာ လျှော့ချပေးနိုင်လို့ စိတ်ကျရောဂါလည်း သက်သာစေပါတယ်။

Standing Forward Fold Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်ကိုမကွေးသွားအောင် ထားပါ။ နောက်ကျော၊ ပခုံး၊ လည်ပင်းနာတာတွေကို သက်သာစေပြီး စိတ်ဖိစီးမှုတွေ၊ စိတ်ကျတာတွေကို သက်သာစေတယ်၊ လျော့ကျစေပါတယ်။

Upward-Facing Dog Pose

နောက်ဆုံးကတော့ Upward-Facing Dog Pose ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး အချိန်ပြည့်ရင် ၁၀ စက္ကန့်နားပါ။ ပြီးရင် နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။ ကိုယ်ရောစိတ်ပါ Relax ဖြစ်စေပြီး စိတ်ကျတာလည်း သက်သာစေပါတယ်။