ယောဂလေ့ကျင့်ခန်းဆိုတာ ဒီကနေ့ ကမ္ဘာပေါ်မှာ လူကြိုက်များပြီး လက်ခံကျင့်သုံးနေတဲ့ လေ့ကျင့်ခန်းပါ။ ကြွက်သားနာကျင်တာတွေကိုလည်း သက်သာပျောက်ကင်းစေပြီး စိတ်ကို ကြည်လင်စေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခြေထောက်က ကြွက်သားနာကျင်တတ်တဲ့သူတွေအတွက် ဘယ်လိုယောဂလေ့ကျင့်ခန်းကို လုပ်ရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ အရင်ဆုံး ကိုယ်ကို မတ်မတ်ရပ်နေပါ။ လက်နှစ်ဖက်ကို အပေါ်မြောက်လိုက်ပါ။ ပြီးရင် ခြေချောင်းလေးကို ထောက်ပြီး အပေါ် ခပ်ဖြည်းဖြည်းလေး မတိုင်ပေးလိုက်ပါ။ ဒီအတိုင်းငြိမ်ငြိမ်လေးနေပြီး အသက်ကို ပုံမှန်ရှူပါ။ ကိုယ်နေနိုင်သလောက်နေပေးပြီး နဂိုအတိုင်းပြန်နေပါ။

၂။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ၃ ပေလောက်ကားထားပါ။ ညာဖက်ခြေထောက်ကို ဘေးဖက်ထုတ်ပြီး ဘယ်ဖက်ခြေထောက်ကို အထဲဖက်ထားပါ။ လက်နှစ်ဖက်ကို တန်းတန်းဆန့်လိုက်ပါ။ ပြီးရင် ညာဖက်ဒူးခေါင်းကိုကွေးလိုက်ပါ။ ခေါင်းကိုညာဖက်ဖြည်းဖြည်းလေး လှည့်ပေးပါ။ ပြီးရင် ကိုယ်နေနိုင်သလောက်နေပြီး နဂိုအတိုင်းပြန်နေပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းလုပ်ပါ။

၃။ အရင်ဆုံး ခန္ဓာကိုယ်ကို လှဲနေလိုက်ပါ။ ခြေထောက်တွေ ခြေဖဝါးတွေကို ဖျော့ထားပါ။ လက်နှစ်ဖက်ကိုလည်း ဘေးမှာချထားပါ။ စိတ်ကိုလျှော့ထားပါ။ မျက်လုံးကို ဖြည်းဖြည်းလေးမှိတ်လိုက်ပါ။ အသက်ကို ဖြည်းဖြည်းချင်းရှူပါ။

၄။ အရင်ဆုံး ကျောလှဲနေလိုက်ပါ။ ပြီးရင် ကြွက်သားတွေကို ဖျော့ထားပါ။ အဲဒီနောက် ဘယ်ဖက်ခြေထောက်ကို ဖြည်းဖြည်းလေးမတင်ပါ။ လက်နှစ်ဖက်ကို ခါးနားမှာ ထားလိုက်ပြီး ညာဖက်ခြေထောက်ကို မလိုက်ပါ။ ကိုယ်နေနိုင်သလောက် အသက်မှန်မှန်ရှူပြီးနေပါ။

၅။ အရင်ဆုံး မှောက်လျက်လှဲနေပါ။ ပြီးရင် ခြေဖဝါးကို ကြမ်းပြင်နဲ့ထိထားပြီး လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထောက်လိုက်ပါ။ ပြီးရင် ရင်ဘတ်ကို ကော့လိုက်တာနဲ့ တပြိုင်တည်း အသက်ရှူလိုက်ပါ။ အဲဒီအတိုင်း စက္ကန့် ၂၀ လောက်နေပြီးမှ အသက်ပြန်ရှူထုတ်ပြီး နဂိုအတိုင်းပြန်နေပါ။

အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို အစဉ်လိုက်လုပ်ပေးသွားမယ်ဆိုရင် သင့်ခန္ဓာကိုယ်အတွက်ရော ကြွက်သားတွေအတွက်ရော ကောင်းမွန်ပါတယ်။