နောက်ကျောအဆီတွေ၊ လက်မောင်းနောက်ဘက်အဆီတွေ ရှိနေရင် လက်ပြတ်ဝတ်တဲ့အခါ၊ အင်္ကျီကိုယ်ကျပ်ဝတ်တဲ့အခါတွေမှာ ထင်းပြီး တစ်ထွက်နေတာမျိုးတွေ ဖြစ်နေတာ သိသာပါတယ်။ ဒါကြောင့် နောက်ကျောဘက်ကအဆီတွေ သိသိသာသာကျသွားစေမယ့် Workout 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Reverse fly

ပုံမှာပြထားတဲ့အတိုင်းနေပြီး အလေးနှစ်တုံးကိုကိုင်ကာ လက်ကားလိုက်၊ ပြန်စုလိုက်နဲ့ လုပ်ပေးရမှာဖြစ်ပါတယ်။ ခါးက အရမ်းကြီးကုန်းနေတာမျိုးမလုပ်ပဲ ပုံမှာလုပ်ပြထားသလို တစ်ပြေးထဲဆန့်ထားပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။ အလေးမရှိရင် လက်မောင်းကိုညှစ်ပြီး လုပ်လို့ရပေမယ့် အလေးနဲ့လုပ်တာကမှ ပိုထိရောက်တာပါ။

Resistance band pull-down

Resistance band ကို ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ဆွဲလိုက်၊ ပြန်ဆန့်လိုက် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါလည်း အကြိမ် ၃၀ လုပ်ရပါမယ်။ လက်ကိုကွေးတဲ့အခါမှာ ထောင့်ချို့ကျကျကွေးပါ။ Resistance band မရှိရင် ဒီတိုင်းလုပ်လို့ရပေမယ့် Resistance band နဲ့လုပ်တာက ပိုထိရောက်ပါတယ်။

Back extension

ခြေထောက်နှစ်ဖက်ကိုကား၊ လက်နှစ်ဖက်ကို ထောင့်ချိုးကျကျကွေးပြီး နားနှစ်ဖက်ကိုထိထားပါ။ အဲ့အတိုင်း ခြေထောက်နဲ့ အပေါ်ပိုင်းကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Dumbbell swing

အလေးကို ပုံမှာပြထားတဲ့အတိုင်းကိုင်ပြီး ထိုင်လိုက်၊ ထလိုက်နဲ့ ပုံမှာပြထားတဲ့အတိုင်း အလေးကို လွှဲပေးရမှာပါ။ အကြိမ် ၃၀ ပဲလုပ်ပေးပါ။ ဒီ Workout ကိုလုပ်ရင် အလေးလွတ်ကျတာမျိုးမဖြစ်အောင် ဂရုစိုက်ဖို့တော့ လိုပါတယ်။

Side plank variations

လက်တစ်ဖက်ကိုထောက်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း တစ်ပုံစံထဲတူအောင်နေပါ။ ပြီးမှ ကျန်လက်တစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ကွေးပြီး Body အောက်ထဲထည့်လိုက်၊ အပေါ်ဆန့်လိုက်နဲ့ လုပ်ပေးရပါမယ်။ ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။ တစ်ဖက်ကို အကြိမ် ၃၀ လုပ်ပေးရင်ရပါပြီ။