တစ်ခါတစ်လေကျရင် ကိုယ်မထင်မှတ်ပဲ ပြောလိုက်မိတဲ့စကားကြောင့် တစ်ဖက်လူက စိတ်မကောင်းဖြစ်သွားတာမျိုး၊ ဝမ်းနည်းသွားတာမျိုး၊ စိတ်ဆိုးသွားတာမျိုးတွေ ရှိပါတယ်။ စကားတစ်ခွန်းကြောင့်ပဲ ရန်ဖြစ်ရတာမျိုး၊ ပြဿနာတက်ကြတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် Couple တွေအနေနဲ့ စကားများရန်ဖြစ်တာနည်းပြီး ပြဿနာတွေမများရအောင် သေးသေးလေးကအစ ဂရုစိုက်ဆင်ခြင်နိုင်ဖို့အတွက် ကိုယ့်ချစ်သူရှေ့မှာမပြောသင့်တဲ့ စကား ၅ ခွန်းကို ပြောပြပေးလိုက်ပါတယ်။

အခြားတစ်ယောက်ကောင်းကြောင်း

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရှေ့မှာ အခြားတစ်ယောက်ရဲ့ကောင်းကြောင်း ပြောတာတွေကို လုံးဝမကြိုက်ပါဘူး။ ပြောကိုမပြောသင့်တာပါ။ ကိုယ့်ရည်းစားကို အခြားတစ်ယောက်နဲ့ ယှဉ်ပြောတာမျိုး၊ ရည်းစားဟောင်းအကြောင်းတွေပြောတာမျိုးလည်း လုံးဝကို မလုပ်သင့်ပါဘူး။ မပြောသင့်ပါဘူး။

သူ့မိသားစုမကောင်းကြောင်း

ဘယ်လောက်ပဲ ပွင့်လင်းတဲ့သူဖြစ်နေပါစေ၊ စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်လို့ မရပါဘူး။ စကားတစ်ခွန်းမပြောခင်မှာ ပြောသင့်လား၊ မပြောသင့်ဘူးလားဆိုတာကို အရင်စဉ်းစားသင့်ပါတယ်။ ကိုယ့်ချစ်သူရှေ့မှာ သူ့မိသားစုမကောင်းကြောင်းတွေကို မပြောသင့်ပါဘူး။ တစ်ခါတစ်လေပြောရင်တော့ စိတ်ခုသွားတာ၊ စိတ်ဆိုးသွားတာလောက်ပဲ ဖြစ်မှာပါ။ ခဏခဏဆိုရင်တော့ ရန်ဖြစ်စကားများရပြီး Relationship ကိုပါ ထိခိုက်လာနိုင်ပါတယ်။

သူ့သူငယ်ချင်းတွေမကောင်းကြောင်း

မကောင်းတဲ့သူငယ်ချင်း၊ မပေါင်းသင့်တဲ့သူငယ်ချင်းဆိုရင်တော့ ချစ်သူတစ်ယောက်အနေနဲ့ ကောင်းစေချင်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် မကောင်းတဲ့သူမျိုးလည်းမဟုတ်ပဲ ကိုယ်သဘောမကျတာတစ်ခုထဲနဲ့ သူ့သူငယ်ချင်းတွေရဲ့ မကောင်းကြောင်းပြောတာတွေ၊ အပြစ်တင်ပြောဆိုတာတွေ၊ မပေါင်းသင်းခိုင်းတာတွေတော့ မလုပ်သင့်ပါဘူး။ သူငယ်ချင်းကိစ္စတွေအထိ လိုက်ပြောဆိုနေတာမျိုးကို တော်တော်များများလည်း မကြိုက်ကြပါဘူး။

တစ်ယောက်ထဲနေချင်တဲ့အကြောင်း

တော်တော်များများက စိတ်ညစ်နေချိန်၊ ဒေါသထွက်နေချိန်မှာ တစ်ယောက်ထဲပဲနေချင်တော့တယ်ဆိုတဲ့ စိတ်မျိုး ဖြစ်တတ်ပါဘူး။ တစ်ချို့ကျတော့လည်း ဒါကိုထုတ်ပြောတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူရှေ့မှာတော့ တစ်ယောက်ထဲပဲနေချင်တဲ့အကြောင်း မပြောသင့်ပါဘူး။ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းသွားပါလိမ့်မယ်။ ခဏခဏသူ့ရှေ့မှာ ပြောဆိုနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် တော်တော်စိတ်ထိခိုက်စရာဖြစ်ပြီး Relationship ကိုပါ ထိခိုက်လာနိုင်ပါတယ်။