ပင်ပန်းနွမ်းနယ်နေတဲ့အချိန် ရေအေးအေးလေးနဲ့ချိုးလိုက်ရင် လူကိုလန်းဆန်းသွားစေတာ အမှန်ပါပဲ။ ဒါတင်မဟုတ်သေးပါဘူး ။ ရေအေးနဲ့ရေချိုးတာက အလှအပအတွက်လည်း မယုံနိုင်လောက်အောင် အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါသေးတယ်။

ကျန်းမာတောက်ပစေတာ

ရေအေးက သွေးလည်ပတ်မှုကို အားကောင်းစေတာမလို့ ရေအေးနဲ့ရေချိုးပေးတာက အသားအရေကို ကျန်းမာတောက်ပစေပါတယ်။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတာ

ရေအေးက အာရုံကြောစနစ်ကို နိုးကြားစေတာမလို့ နေ့တိုင်း ရေအေးနဲ့ရေချိုးတဲ့ အလေ့အကျင့်က အသားအရေကို နုပျိုစေပါတယ်။

စိတ်ဖိစီးမှုကြောင့် ဝက်ခြံထွက်တာကို ကာကွယ်ပေးတာ

ရေအေးနဲ့လှှုံ့ဆော်မှုကြောင့် စိတ်ဖိစီးမှုကို တိုက်ထုတ်တဲ့ ဟော်မုန်းနဲ့ brain chemicals ကို ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့အခါ စိတ်ဖိစီးမှုအဆင့်တွေ ကျဆင်းလာပြီး ဝက်ခြံ၊ Psoriasis နဲ့ အရေပြားရောင်ရမ်းတာလိုမျိုး အရေပြားပြဿနာတွေကို လျှော့ချပေးပါတယ်။

ချွေးပေါက်တွေကို ကျဉ်းစေတာ

မျက်နှသစ်တဲ့အခါ ရေအေးနဲ့သစ်တာက မျက်နှာပေါ်ကချွေးပေါက်တွေကို ကျဥ်းစေပြီး အသားအရေကို တောက်ပစေတယ်။

အရေပြားပြဿနာကိုသက်သာစေတာ

အရေပြားယားယံတဲ့ သူတွေအတွက် ရေအေးနဲ့ ရေချိုးတာက အသားကိုခြစ်နေသလို ခံစားရတာကို ကျော်လွှားဖို့ ကူညီပေးနိုင်ပါတယ်။ ဒါအပြင် ရေအေးနဲ့ ရေချိုးပေးတာက အရေပြားကို အေးမြစေတဲ့အပြင် Psoriasis ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ယားယံမှုကိုလည်း လျော့နည်းစေပါတယ်။