တော်တော်များများကတော့ ရေအေးနဲ့ပဲ ရေချိုးလေးရှိကြပေမယ့် တချို့ကျတော့ တစ်ခါတစ်လေ ရေနွေးနဲ့ ချိုးတာမျိုး ရှိပါတယ်။ ရေနွေးနဲ့ချိုးတာက အပူငုပ်စေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ရေအေးနဲ့ပဲချိုးပါ။ ဒါကြောင့် ရေအေးနဲ့ရေချိုးခြင်းနဲ့ ရေနွေးနဲ့ရေချိုးခြင်းတို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကွာခြားချက်တွေကို တစ်ခါထဲသိသွားအောင် မျှဝေပေးလိုက်ပါတယ်။
ရေအေးနဲ့ပဲ အမြဲရေချိုးရင်၊ မျက်နှာသစ်ရင် အသားအရေက စိုစိုပြည်ပြည်ဖြစ်နေပါတယ်။ ရေနွေးနဲ့ချိုးရင်တော့ အသားခြောက်ပြီး အသားအရေမွဲတာမျိုး၊ မျက်နှာမှာ တင်းတိတ်ထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ရေနွေးနဲ့ရေချိုးရင်၊ မျက်နှာသစ်ရင် အရေးအကြောင်းတွေ ဖြစ်တာ မြန်မယ်။ ရေအေးနဲ့ပဲ ရေချိုးရင်၊ မျက်နှာသစ်ရင်တော့ အရေးအကြောင်းတွေဖြစ်တာ နောက်ကျပါမယ်။
ရေနွေးနဲ့ရေချိုးရင်၊ မျက်နှာသစ်ရင် အဖုတွေထွက်လာပါလိမ့်မယ်။ ကိုယ်က အသားအရေကောင်းချင်တယ်ဆိုရင်တော့ ဘယ်လောက်အေးအေး ရေအေးနဲ့ပဲ ရေချိုးပါ။ ရေအေးနဲ့ပဲ မျက်နှာသစ်ပါ။
ရေနွေးနဲ့မျက်နှာသစ်တာ ချွေးပေါက်ကျဉ်းတယ်ဆိုပေမယ့် ခဏခဏသစ်ရင် ချွေးပေါက်ပိုကျယ်လာပါလိမ့်မယ်။ ဒါကြောင့် ချွေးပေါက်မကျယ်ချင်ရင် ရေအေးပဲသုံးပါ။
ရေနွေးနဲ့ရေချိုးတာ၊ မျက်နှာသစ်တာက အသားအရေပျက်စီးပါတယ်။ ခဏခဏရေနွေးသုံးမယ်ဆိုရင် အသားခြောက်တာ၊ အသားအရေကြမ်းတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ရေအေးပဲသုံးပေးပါ။
Source: www. brightside.me