ဆောင်းတွင်းရောက်ပြီဆိုရင် အသားအရေက ပိုပြီးပျက်စီးပါတယ်။ အသားပတ်တာ၊ အသားကြမ်းတာ စသဖြင့် ကြုံတွေ့ရမှာ သေချာပေါက်ပါပဲ။ ဒါကြောင့် ကိုယ်က အလှအပကို စိတ်ဝင်စားတယ်၊ လှချင်စိတ်ရှိတယ်ဆိုရင်တော့ ဆောင်းတွင်းရောက်ပြီဆိုရင် အလှကုန်ပစ္စည်း ၅ မျိုးက မဖြစ်မနေရှိထားဖို့ လိုပါတယ်။

Lip Balm

ဆောင်းတွင်းတောင်မရောက်သေးဘူး၊ ဆောင်းဝင်ပြီဆိုတာနဲ့တင် နှုတ်ခမ်းတွေက ခြောက်ပြီး ကွဲလာပါလိမ့်မယ်။ ဒါကြောင့် နေ့တိုင်း Lip Balm ဆိုးပြီး အိပ်ပါ။ နှုတ်ခမ်းနီဆိုးမယ်ဆိုလည်း Matte Type တွေကို ရှောင်ပါ။ ဆိုးမယ်ဆိုလည်း အောက်ကနေ Lip Balm ခံဆိုးပါ။

Heavy Moisturizer

Oily Skin တွေအတွက်ကသာ ပုံမှန်လိမ်းနေကျ Moisturizer လောက်နဲ့ အဆင်ပြေပါလိမ့်မယ်။ ကျန်တဲ့ Combination Skin, Dry Skin, Normal Skin တွေဆိုရင်တော့ ပုံမှန်လိမ်းနေကျ Moisturizer ထက် ပိုပြီးတော့ အစိုဓာတ်ပေးနိုင်တဲ့ Heavy ဖြစ်တဲ့ Moisturizer မျိုး Cream Type မျိုးကို လိမ်းပေးပါ။ ဒါမှ မျက်နှာ အသားပတ်တာ၊ အဖြူဖတ်တွေလန်တာ၊ အသားအရေညစ်ညစ်ကြီးဖြစ်တာမျိုးတွေ လုံးဝမဖြစ်မှာပါ။

Oil Based Foundation

ဆောင်းတွင်းမှာ Oil Based Foundation တွေကို လိမ်းပေးရင် မိတ်ကပ်သားပိုလှပါတယ်။ Matte Type Foundation တွေကို ရှောင်သင့်ပါတယ်။ အသားခြောက်တော့ မိတ်ကပ်က စိုစိုလေးဖြစ်နေမှသာ လှမှာပါ။ Oil Based Foundation မသုံးချင်ရင်လည်း Dry Skin တွေသုံးတဲ့ Foundation မျိုးကို သုံးလို့ရပါတယ်။

Hydrating Body Lotion

ဆောင်းတွင်းမှာ အသားပတ်ဖို့ အရမ်းလွယ်ပါတယ်။ နဂိုအသားခြောက်တတ်တဲ့သူတွေဆိုရင် ပုံမှန်လိမ်းနေကျ Body Lotion လိမ်းတာတောင် အသားပတ်ပါလိမ့်မယ်။ ဒါကြောင့် တကယ်ကို Hydrating ကောင်းတဲ့ Body Lotion ကို လိမ်းပေးပါ။ ညဘက်ဆို Body Oil ကိုပါ Lotion ထဲ ထည့်လိမ်းပေးရင် ပိုကောင်းပါတယ်။ အသားအရေ အမြဲစိုပြည်ပြီး ကြည်နေမှာ သေချာပါတယ်။

Facial Mist

ဆောင်းတွင်းမှာ မိတ်ကပ်စိုစိုပြောင်ပြောင်လေးဖြစ်ချင်ရင် Facial Mist ဆောင်ထားပါ။ အပြင်သွားတိုင်း သတိရတိုင်းသာ ထုတ်ဖြန်းနေပါ။ မျက်နှာလေးစိုပြီး မိတ်ကပ်သားလှနေပါလိမ့်မယ်။ မဟုတ်ရင်တော့ Smile Line တွေ ပေါ်တာမျိုး၊ မိတ်ကပ်သား ခြောက်ပြီး အသားအရေက ကြည့်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။