Shoes တစ်ရံဟာ ပျမ်းမျှအားဖြင့် အနည်းဆုံး မိုင် ၃၅၀ ကနေ မိုင် ၅၀၀ အထိ အစီးခံအောင် တည်ဆောက်ထားတာလို့ ဆိုပါတယ်။ တကယ်လို့ တစ်နေ့ကို နာရီဝက် လမ်းလျှောက်ဖြစ်တယ်ဆိုရင် ၆ လတစ်ကြိမ်လောက် ဖိနပ်သစ် လဲရမယ့်သဘော ဖြစ်ပါတယ်။ ဒါကတော့ Walking Shoe တွေ ရဲ့သက်တမ်းကို ပြောကြတဲ့အခါ ကြားရမယ့်စကားပါ။

ဖိနပ်တစ်ရံ တာရှည် အစီးခံဖို့ဆိုရင် စီးသူရဲ့ ကိုယ်အလေးချိန်နဲ့ သူ့ရဲ့ ဖိနပ်ထိန်းသိမ်းမှု စတဲ့ အချက်တွေကိုလည်း ထည့်တွက်ရပါတယ်။ ဖိနပ်တွေဟာ မဝယ်ခင် သိုလှောင်ရုံနဲ့ အရောင်းစင်ပေါ်မှာ နှစ်ပေါက်အောင် နေခဲ့ရလို့ ကော်တွေ ခြောက်ပြီး ကူရှင်တွေ မကောင်းတော့တာ ၊ သက်တမ်းရင့်လာလို့ ဆွေးမြည့်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက Shoes တွေကို ပျက်စီးအောင် လုပ်နေမိတဲ့ အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၁) မိုးရေထဲ အစီးများခြင်း

Photo : WalkJogRun

Shoes တွေကို မိုးရေနဲ့ ရွှံထူနေတဲ့ အခြေအနေမျိုးမှာ စီးရင် ပိုပြီး ပျက်စီးလွယ်ပါတယ်။ အထူးသဖြင့် လယ်သာသားတွေဆိုရင် သိသာပါတယ်။

(၂) ကာကွယ်မှု မလုပ်ခြင်း

Photo : GoodtoKnow

ဘယ်လို Shoes မျိုးပဲ ဝယ်ဝယ် ကာကွယ်မှု လုပ်ဖို့ မမေ့ပါနဲ့။ Shoes သက်တမ်း ကြာပြီး အသစ်အတိုင်း ဖြစ်စေဖို့ဆိုရင် ဖိနပ်ပြင်တဲ့ ဆိုင်မှာ အောက်ခံ ရာဘာခြေခံပြား ထည့်တာ ၊ ဖိနပ်ကွာနေတဲ့နေရာတွေကို ပြန်ပြင်တာမျိုးလုပ်ပြီး ထိန်းသိမ်းသင့်ပါတယ်။

(၃) အလွန်အကျွံစီးခြင်း


Photo: Freepik

သင်အရမ်းကြိုက်တဲ့ Shoes ကို တစ်ရံတည်း ရေလဲစီး မလုပ်ပါနဲ့။ တစ်ရက်လောက် စီးပြီးရင် တစ်ခြားဖိနပ်နဲ့ လဲစီးသင့်ပါတယ်။ အစီးများရင်လည်း ဖိနပ်သက်တမ်း ကြာကြာမခံဘဲ ပျက်စီးနိုင်ပါတယ်။

(၄) ခြောက်အောင်ထားပါ

Photo : LiveAbout

ဖိနပ်ကို လျှော်မယ်ဆိုရင် နူးညံ့တဲ့ ဆပ်ပြာသုံးပြီး ရေအေးအေးနဲ့ လျှော်ရမှာပါ။ ဒါမှသာ ကော်တွေ မပျက်စီးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သဘာဝအတိုင်း လေနဲ့ သလပ်ခံပြီး ခြောက်ပါစေ။ လျှော်ပြီး နေပူထဲ ပစ်ထားတာမျိုး မလုပ်ပါနဲ့။

(၅) လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ဖိနပ်ထားပါ

Photo : ABC News

ဖိနပ်ကို ပလတ်စတစ်နဲ့ ထုတ်ပိုးပြီး သိမ်းဆည်းတာမျိုး မလုပ်ပါနဲ့။ ဖိနပ်ဟာ လူ့အသားအရေလိုပါပဲ။ လေသန့်သန့် ဝင်ဖို့ အပေါက်ကလေးတွေ ပါပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာပဲ သိမ်းဆည်းပါ။ ဒါဆိုရင် ဖိနပ်တစ်ရံရဲ့ သက်တမ်းကို ပိုကြာအောင် ဆွဲဆန့်နိုင်မှာ ဖြစ်ပါတယ်။