တခါတလေမှာ ကိုယ်ကအရမ်းချစ်နေရင်လည်း သူကပြန်မချစ် ကိုယ်ကမချစ်တဲ့သူက ကိုယ့်ကိုလာပြီးချစ်နေတာနဲ့ အချစ်နှစ်ခု ထပ်တူကျဖို့ ခဲယဉ်းလှပါတယ်။ ကိုယ့်အတွက် စစ်မှန်တဲ့ ဘဝလက်တွဲဖော်ဆိုတာ ရှိပေမယ့် ကိုယ့်ဘေးမှာ လက်ရှိရှိနေတဲ့ချစ်သူက ကိုယ့်ခံစားချက်တွေကို ကြိုးကိုင်တယ်မကိုင်ဘူးဆိုတာသိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ သင့်ကိုလိမ်ခြင်း

သင့်အပေါ် သေးသေးမွှားမွှားကိစ္စတွေကအစ အမှန်တိုင်းမပြောတဲ့သင့်ချစ်သူဟာ သင့်ကို ရုပ်သေးရုပ်တစ်တယောက်လိုပဲ သဘောထားတဲ့သူတွေပါ။ သူတို့တွေဟာ သင့်ယုံကြည်မှုကိုလည်း အလွှဲသုံးစားလုပ်နိုင်တဲ့သူတွေဖြစ်လို့ အဲလိုချစ်သူမျိုးရထားရင် ပြန်ပြီးစဉ်းစားသုံးသပ်သင့်ပါတယ်။

၂။ သင့်ကိုအမြဲတမ်း ယုံကြည်မှုကင်းမဲ့စေတယ်။

Source: Crosswalk.com

သင်တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘာများမှားသွားမလဲ။ သူငါ့ကိုဘာများ အပြစ်တင်ဦးမလဲ။ ငါဘာများအပြောခံရဦးမလဲဆိုတဲ့ ချစ်သူအနားမှာရှိနေတဲ့အချိန် စိုးရိမ်ပူပန်မှုတွေ ကိုယ့်ကိုကိုယ်ယုံကြည်မှု ကင်းမဲ့မှုတွေဖြစ်စေတယ်ဆိုရင် သူဟာ သင့်ရဲ့ ခံစားချက်တွေကို ကြိုးကိုင်နေတဲ့သူပါ။

၃။ သင့်ကိုအပြစ်တင်ရတာကြိုက်တယ်။

သင်လုပ်လိုက်မိတဲ့အမှားတစ်ခုကို အထပ်ထပ် အခါခါပြန်ပြောပြီး သင့်ကို စိတ်ဖိစီးမှုတွေပေးနေတယ်။ သင့်ကို အပြစ်တင်ရတာကြိုက်တယ်ဆိုရင် သူဟာသင့်အတွက်မကောင်းတဲ့သူတစ်ယောက်ပါပဲ။

၄။ ရန်ဖြစ်စကားများတိုင်း သင်မှားလို့ပဲလို့ သူယူဆတယ်။

Source: Reader’s Digest

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်စကားများကြတယ်ဆိုတာ နှစ်ယောက်လုံးအယူအဆမတူ သဘောထားချင်းမတိုက်ဆိုင်ကြလို့ပါ။ အခုလိုရန်ဖြစ်တဲ့အခါ သူ့အမှားကိုဝန်မခံဘဲ အကုန်လုံးက သင့်အမှားကြောင့်ဖြစ်ရတယ်လို့ သူတွေးထင်နေတယ်ဆိုရင် သူဟာ သင့်ခံစားချက်ကို ကြိုးကိုင်နေတဲ့သူပါ။

၅။ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတာကို ကန့်သတ်ထားတယ်။

Source: AnastasiaDate.co

သူငယ်ချင်းတွေ၊မိတ်ဆွေတွေနဲ့ တွေ့မယ်ဆိုရင် သူသင့်ကို အမျိုးမျိုး ပြဿနာရှိမယ်။ သဝန်တိုတာကိုဗန်းပြပြီး သင့်ရဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ အဆက်အသွယ်ပြတ်အောင်သူကြိုးစားနေတယ်ဆိုရင် သင့်သူ့အပေါ် ပြန်ပြီးစဉ်းစားသင့်ပါတယ်။