အုန်းဆီက နှုတ်ခမ်းကွဲတာကနေ အကြောပြတ်တာတွေအထိ အရေပြားနဲ့ပတ်သက်တဲ့ အမျိုးမျိုးသော ပြသနာတွေအတွက် အသုံးဝင်လွန်းတဲ့ သဘာဝပစ္စည်းပါ။ ဒါကြောင့် အသားအရေအတွက် အုန်းဆီကိုသုံးလို့ရတဲ့ နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။

ကလေးအရေပြား

Virgin အုန်းဆီကို အရွယ်မရောက်သေးတဲ့ မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားကို လိမ်းပေးရင် ကလေးရဲ့အသားအရေကို သန်မာစေပါတယ်။ ဒါ့အပြင် ထိခိုက်လွယ်တဲ့ အသားအရေကိုလည်း အစိုဓာတ်ထိန်းပေးနိုင်တာမလို့ မွေးကင်းစကလေးငယ်များ ၊ Sensitive Skin သမားများနဲ့ လူကြီးများပါ သုံးလို့ရပါတယ်။

‌ခြေဖနောင့်

ဆောင်းတွင်းရောက်ရင် ဖနောင့်နေရာက အသားအရေတွေက ခြောက်သွေ့မာကျောလာပြီး ကွဲအက်လာတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့ ခြေဖနောင့်တွေကို ကုသဖို့ အုန်းဆီကို သုံးနိုင်ပါတယ်။ အုန်းဆီနဲ့ ခြေဖနောင့်ကို နှိပ်ပေးတာက ကွဲအက်နေတဲ့ ခြေဖနောင့်များကို သက်သာပျောက်ကင်းစေပါတယ်။

Lip balm

အုန်းဆီဟာ ရေဓာတ်အရမ်းများတာကြောင့် နှုတ်ခမ်းကွဲတာနဲ့ ခြောက်သွေ့တဲ့ အသားအရေကို ကုသရာမှာ အသုံးဝင်တာကြောင့် နှုတ်ခမ်းသားကို ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကနေ အထူးသဖြင့် ဆောင်းရာသီမှာ ကာကွယ်ပေးနိုင်ပါတယ်။

Make-up remover

အုန်းဆီကို ဂွမ်းလုံးလေးနဲ့ယူပြီး မိတ်ကပ်ဖျက်ချင်တဲ့ နေရာကို လိမ်းပေးပါ။ အုန်းဆီမှာပါတဲ့ အာနိသင်က မိတ်ကပ်ကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာမလို့ မိတ်ကပ်ဖျက်ဆေးအနေနဲ့လည်း သုံးလို့ရပါတယ်။

အကြောပြတ်တာ

ကိုယ်ဝန်ဆောင်ကာလမှာ အကြောပြတ်တာကိုကာကွယ်ဖို့အတွက် အုန်းဆီက အကောင်းဆုံးပါပဲ။ အုန်းဆီ အကြောပြတ်နေရာတွေပေါ် အုန်းဆီတစ်ဇွန်းလောက် လိမ်းပြီး စုပ်ယူသွားတဲ့အထိ နှိပ်နယ်ပေးရုံပါပဲ။ အုန်းဆီရဲ့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းက အကြောပြတ်ရာတွေ ယားတာကို သက်သာစေပါတယ်။