အကြောပြတ်ရာတွေအတွက် ကြက်ဆူဆီကိုသုံးပြီး သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းကောင်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ၅ မျိုးတောင်ဆိုတော့ ကိုယ်အဆင်ပြေတာ တစ်မျိုးကို ရွေးလုပ်လို့ရတာပေါ့။

ကြက်ဆူဆီ (Warm Massage)

ပထမဆုံးနည်းလမ်းကတော့ ကြက်ဆူဆီနဲ့ warm massage လုပ်ပေးရမှာပါ။ အရင်ဆုံး ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းကို microwave ထဲထည့် စက္ကန့်အနည်းငယ် အပူပေးပါ။ နွေးနွေးလေးဖြစ်သွားရင် အကြောပြတ်ရာပေါ်လိမ်းပြီး ၁၀ မိနစ်လောက် massage လုပ်နှိပ်နယ်ပေးပါ။ တစ်ည (သို့) အနည်းဆုံး တစ်နာရီထားပြီးမှ ရေပြန်ဆေးချပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ပေးရပါမယ်။

ကြက်ဆူဆီနဲ့အုန်းဆီ

ကြက်ဆူဆီနဲ့ အုန်းဆီကို ဆတူရောမွှေပြီး အပူပေးပါ။ နွေးနွေးလေး ဖြစ်လာပြီဆိုရင် ခုနကလိုပဲ အကြောပြတ်ရာပေါ်လိမ်းပြီး massage လုပ်ကာ နှိပ်နယ်ပေးပါ။ ပြီးရင် တစ်ညထားပြီး မနက်မှ ရေပြန်ဆေးချပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်လည်း နေ့တိုင်းလုပ်ရမှာပါ။

ကြက်ဆူဆီနဲ့ရှားစောင်းလက်ပတ်

ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး အကြောပြတ်ရာပေါ်မှာလိမ်းကာ ၁၀ မိနစ်လောက် massage လုပ်နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းကိုလည်း တစ်ညထားပြီး မနက်မှ ရေပြန်ဆေးချပါ။ နေ့တိုင်းလုပ်ရပါမယ်။

ကြက်ဆူဆီနဲ့နနွင်းမှုန့်

ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောမွှေပြီး အကြောပြတ်ရာပေါ်လိမ်းကာ massage လုပ် နှိပ်နယ်ပေးပါ။ တစ်နာရီထားပြီးမှ ရေပြန်ဆေးချပါ။ ပြီးရင် moisturizer ပြန်လိမ်းပါ။ ဒီနည်းလမ်းကိုလည်း နေ့တိုင်းလုပ်ရမှာပါပဲ။ ဒါပေမယ့် နနွင်းမှုန့်က အဝတ်အစားကို စွန်းထင်းစေတတ်တဲ့အတွက် သတိထားဖို့တော့ လိုပါတယ်။

ကြက်ဆူဆီနဲ့သကြားပွင့်

ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သကြားပွင့် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောမွှေပါ။ ပြီးရင်တော့ အကြောပြတ်ရာပေါ်ကို ဖြေးဖြေးချင်းစီပွတ်ပြီး scrub တိုက်ပေးရမှာပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ ၂ ကြိမ်ပဲ လုပ်ပေးရပါမယ်။