Beauty blender ကို မိတ်ကပ်ပြင်တဲ့အခါမှာ ဘက်စုံသုံးလို့ရတယ်ဆိုတာကို သိတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလည်း ရှိပါတယ်။ တော်တော်များများကတော့ beauty blender ဆိုရင် မိတ်ကပ်လိမ်းဖို့ပဲ သိကြတာများပါတယ်။ ဒါကြောင့် မိတ်ကပ်ပြင်လေ့ရှိတယ်ဆိုရင် beauty blender ကိုသာ ဆောင်ထားပါ။ မိတ်ကပ်ပြင်တဲ့အခါမှာ ဘက်စုံအရမ်းအသုံးဝင်ပါတယ်။

Foundation လိမ်းခြင်း

Beauty blender နဲ့ foundation လိမ်းပေးတာက လက်နဲ့လိမ်းတာနဲ့ လုံးဝမတူပါဘူး။ Beauty blender နဲ့လိမ်းတာက မိတ်ကပ်သားညီပြီး ပိုလှပါတယ်။ မိတ်ကပ်ကွက်တာမျိုးတွေလည်း မဖြစ်စေပါဘူး။ Concealer သုံးရင်လည်း beauty blender နဲ့သာလိမ်းပေးပါ။

ပါးနီခြယ်ခြင်း

ပါးနီခြယ်တဲ့အခါမှာ အထူးသဖြင့် cream type, liquid type ပါးနီတွေသုံးတဲ့အခါမှာ beauty blender နဲ့သာ blend လုပ်ပြီးခြယ်ပေးပါ။ သိပ်သိပ်လေးနဲ့ natural ဆန်ပြီး ပိုလှပါတယ်။ လိမ်းထားတာလည်း ပိုညီစေပါတယ်။

Highlighter ခြယ်ခြင်း

Highlighter ခြယ်တဲ့အခါမှာလည်း brush နဲ့မခြယ်ပဲ highlighter နဲ့ခြယ်တာက ပိုပြီးအသေးစိတ်ကျကာ သိပ်သိပ်လေးဖြစ်ပြီး ပိုလှပါတယ်။ Inner glow look ပုံစံလေး ရစေပါတယ်။

Contour လုပ်ခြင်း

Contour လုပ်တဲ့အခါမှာ တော်တော်များများက brush နဲ့ပဲ ပွတ်ချ၊ ဆွဲချပြီး ခြယ်လေ့ရှိပါတယ်။ သေချာသပ်သပ်ရပ်ရပ်နဲ့ ညီအောင်ခြယ်ချင်ရင်၊ တစ်ဖက်နဲ့တစ်ဖက်ညီအောင် ချိန်ဆပြီး မပြင်တတ်သေးရင် beauty blender ကိုသုံးပေးပါ။

ပေါင်ဒါလိမ်းတဲ့အခါမှာသုံးခြင်း

မိတ်ကပ်ပြင်ပြီး နောက်ဆုံးမှာ ပေါင်ဒါလိမ်းတော့မယ်ဆိုရင် ဖုန်ဖုန်ကြီးဖြစ်မနေပဲ သိပ်သိပ်ညက်ညက်လေးနဲ့ လှနေအောင်၊ အသားအရောင်မညီတဲ့နေရာတွေကိုပါ အသေးစိတ်လိုက်ဖြည့်ပြီး လိမ်းလို့ရအောင် beauty blender နဲ့သာ လိမ်းပေးပါ။