သင်ဟာ တစ်ခုခုဆိုရင် စိတ်ခံစားအရမ်းလွယ်ပြီး သူများတွေထက်ပိုဝမ်းနည်းတတ်တယ် စိတ်အားငယ်တတ်တယ်ဆိုရင်တော့ ဒီစာလေးကို သေချာဖတ်ကြည့်ပေးပါနော်။ ကိုယ့်စိတ်မပင်ပန်းအောင်၊ မခံစားရအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရပါမယ်။ ဒါပေမယ့်လည်း သူများဆီက ဂရုစိုက်မှုကို မလိုချင်ပါနဲ့။ ဒါကြောင့် သင်ဟာ စိတ်ခံစားလွယ်တဲ့သူ တစ်ယောက်ဆိုရင် ဒီအရာ ၅ ခုကို လုပ်ကြည့်သင့်ပါတယ်။

တရားထိုင်ပါ

တရားထိုင်တာက စိတ်အရမ်းတည်ငြိမ်ပြီး အေးချမ်းစေပါတယ်။ ကိုယ်က စိတ်ခံစားလွယ်တဲ့သူ၊ တစ်ခုခုဆို ထစ်ခနဲရှိ ဒေါသထွက်၊ စိတ်တို၊ စိတ်အားငယ်တတ်ရင် နေ့တိုင်း အချိန်ပေးပြီး တရားထိုင်ပါ။

ယောဂကျင့်ပါ

အချိန်ရရင် နေ့တိုင်း ယောဂကျင့်တဲ့ အကျင့်လေးလုပ်ထားပါ။ မနက်စောစောထပြီး ယောဂကျင့်တာမျိုးလုပ်ပေးရင် စိတ်ရောလူပါ လန်းဆန်းစေတယ်၊ စိတ်ပျော်ရွှင်စေပါတယ်။

အာရုံစူးစိုက်ပြီးလုပ်ရတဲ့အရာတစ်ခုကိုလုပ်ပါ

စိတ်ခံစားလွယ်တဲ့သူတွေက တစ်ခုခုကို ကြုံတွေ့ရပြီဆိုတာနဲ့ သူများထက်ပိုပြီး ခံစားချက်ပြင်းထန်တယ်၊ ပိုပြီးတွေးဖြစ်ကြတယ်။ ဒီလိုလျှောက်တွေးပြီး စိတ်ညစ်နေချိန်မရှိအောင် အာရုံစိုက်ပြီးလုပ်ရတဲ့အရာတွေထဲက ကိုယ်ဝါသနာပါရာတစ်ခုကို ရွေးပြီး လုပ်ပါ။ ဥပမာ – ပန်းချီဆွဲတာဆိုရင် အာရုံစူးစိုက်ပြီး လုပ်ရတဲ့အတွက် အဲ့ထဲပဲစိတ်ရောက်နေတော့ လျှောက်တွေးနေချိန်မရှိဘူး။ စိတ်ခံစားမှုတွေအားလုံးက ပန်းချီထဲပဲ ရောက်နေပါလိမ့်မယ်။

ကိုယ့်ကိုချစ်တဲ့သူတွေအနားမှာပဲနေပါ

ကိုယ့်ကိုချစ်တဲ့သူတွေအနားမှာနေမှ စိတ်ချမ်းသာပျော်ရွှင်ရပါမယ်။ ဒါကြောင့် သင်က စိတ်ခံစားလွယ်တယ်၊ တစ်ခုခုဆို ဝမ်းနည်းတတ်တယ်၊ အားငယ်တတ်တယ်ဆိုရင် တစ်ယောက်ထဲမနေပါနဲ့။ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးပါ။

ကိုယ့်ကိုမလိုအပ်တဲ့သူတွေနဲ့ရှောင်ပါ

စိတ်ခံစားလွယ်ရင် ကိုယ့်ကိုမလိုအပ်တဲ့သူတွေ အနားမှာ လုံးဝမနေပါနဲ့။ သူတို့ကြောင့် စိတ်ဒဏ်ရာပိုရနိုင်ပါတယ်။ ကိုယ့်ကိုမလိုအပ်တဲ့သူတွေနဲ့ ရှောင်နေတာက အကောင်းဆုံးပါ။

photo source: www.freepik.com