မျက်လုံးအောက်နားတစ်ဝိုက်က အသားအရေက ပါးပြီး ထိခိုက်လွယ်လို့ ပိုပြီးဂရုစိုက်ပေးရပါတယ်။ ဂရုမစိုက်ရင် မျက်ကွင်းညိုတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေ ပေါ်လာတာ၊ အမဲစက်၊ အညိုစက်တွေ ပေါ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် မျက်လုံးအောက်နားတစ်ဝိုက်က under eye skin ကို ထိန်းသိမ်းပေးရမယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ရင် မျက်ကွင်းညိုပြီး အရွယ်မတိုင်ခင် မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာပါလိမ့်မယ်။ အကျင့်လုပ်ပြီး ညကိုစောစောအိပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ တစ်နေ့ကို ၈ နာရီ အိပ်ဖို့လိုပါတယ်။ Eye mask တွေတပ်ပြီးအိပ်တာကတော့ မြန်မြန်အိပ်ပျော်စေဖို့၊ ကောင်းမွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

Tea Bags

နေ့တိုင်း ညအိပ်ခါနီးမှာ သဘာဝနည်းလမ်းဖြစ်တဲ့ tea bags ကပ်တာမျိုးကို လုပ်ပေးပါ။ မျက်လုံးကို te bags ကပ်ပေးခြင်းက မျက်အိတ်ဖောင်းတာ၊ မျက်ကွင်းညိုတာတွေကို သက်သာစေပြီး မျက်လုံးနားတစ်ဝိုက် အသားအရေခြောက်သွေ့နေတာကိုလည်း သက်သာစေပါတယ်။

Screen Time လျှော့ပါ

တစ်ချိန်လုံး ဖုန်းတွေသုံး၊ ကွန်ပြူတာတွေသုံးနဲ့ screen time တွေများနေရင် မျက်လုံးထိခိုက်စေသလို မျက်လုံးနားတစ်ဝိုက် အသားအရေလည်း ထိခိုက်စေပါတယ်။ အသားအရေပျက်စီးစေပါတယ်။ အရေးအကြောင်းတွေ ဖြစ်လာပြီး မျက်ကွင်းညိုတာ၊ အိုမင်းရင့်ရော်သလိုတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် screen time လျှော့ပါ။

နေကာမျက်မှန်တပ်ပါ

နေပူထဲသွားလာမယ်ဆိုရင် နေကာမျက်မှန်တပ်ပါ။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပါတယ်။ နေကာမျက်မှန်မတပ်ပဲ နေပူထဲသွားလာနေရင် ကြာလာတဲ့အခါမှာ မျက်လုံးအောက်နားမှာ အမဲစက်၊ အညိုစက်တွေ ထွက်လာပါလိမ့်မယ်။

Eye Cream ကောင်းကောင်းသုံးပါ

Skincare တွေလိမ်းနေပြီး eye cream မလိမ်းပဲတော့ မနေပါနဲ့။ Eye cream ကို ကောင်းကောင်းလေးသုံးပေးပါ။ Eye cream သုံးတဲ့သူနဲ့ မသုံးတဲ့သူရဲ့ အသားအရေ၊ ရုပ်ပိုင်းဆိုင်ရာ နုပျိုမှုက ကွာခြားတာ သိသာစေပါတယ်။ Eye cream ကို ၁၈ နှစ်၊ ၁၉ နှစ်ထဲက ပုံမှန်သုံးပေးရင်တော့ မျက်ကွင်းညိုတာတွေ မဖြစ်ပဲ မျက်လုံးနားတစ်ဝိုက် အသားအရေက တင်းတင်းရင်းရင်းနဲ့ လင်းပြီး ကြည့်ကောင်းနေမှာပါ။