သင်က ဆံပင်ခဏခဏဆိုးတတ်တဲ့သူဆိုရင်တော့ သင့်ဆံပင်ကို မှန်ကန်တဲ့ ဆံသားထိန်းသိမ်းမှုတွေ ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်နော်။ အရောင်ဆိုးထားတဲ့ဆံပင်ကို ပုံမှန်မထိန်းသိမ်းတဲ့အခါ အမြဲကြမ်းတမ်းခြောက်သွေ့ပြီး အရောင်မညီတာ၊ ဆံပင်ကျွတ်တာတွေဖြစ်ပြီး ကြည့်ရဆိုးလာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဆေးဆိုးထားတဲ့ဆံသားကို ပြန်လည်ထိန်းသိမ်းဖို့အတွက် အလွယ်တကူပြုလုပ်လို့ရတဲ့ နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ချေးချွတ်အာနိသင်များတဲ့ ခေါင်းလျှော်ရည်တွေကိုရှောင်ပေးပါ

ဆပ်ပြာတွေမှာတွေ့ရတတ်တဲ့ အမြှုပ်ထွက်များစေတဲ့ ချေးချွတ်အာနိသင်တွေပါတဲ့ ခေါင်းလျှော်ရည်တွေကို တတ်နိုင်သလောက်ရှောင်ပေးဖို့လိုပါတယ်။ ဒီလို ခေါင်းလျှော်ရည်တွေက သင့်ဦးရေပြားမှာရှိတဲ့ သဘာဝအဆီတွေကိုဖယ်ရှားမိစေပြီး ဆံသားကြမ်းတမ်းခြောက်သွေ့လာစေမှာပါ။ ဒါကြောင့် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတွေသုံးတဲ့အခါ အမြှုပ်ထွက်နည်းပြီး အရောင်ထိန်းပေးနိုင်မျိုးကို ရွေးချယ်ပေးသင့်ပါတယ်။

၂။ ဆေးဆိုးထားတဲ့ဆံသားအတွက် အစိုဓာတ်ကအရေးအကြီးဆုံးပါပဲ


ဆေးဆိုးထားတဲ့ဆံပင်ရဲ့ အဓိကပြဿနာက တဖြည်းဖြည်းနဲ့ ဆံသားအစိုဓာတ်လျော့လာတာပါပဲ။ ဒါကြောင့် ဆံသားအတွင်းပိုင်းအထိ အစိုဓာတ်ပုံမှန်ဖြည့်နိုင်ဖို့ Deep Conditioner တွေအသုံးပြုပေးပါ။ ဆိုးဆေးမှာပါတဲ့ Chemical တွေကြောင့် ဆံသားပျက်စီးခြင်းကိုလျှော့ချနိုင်ဖို့နဲ့ ဆံသားအရောင်ထွက်ကောင်းပြီး အစိုဓာတ်ပြည့်စေဖို့အတွက် Hot Oil Treatment ကိုလည်း အရောင်မဆိုးခင်သုံးရက်လောက်အလိုမှာ ပြုလုပ်ပေးသင့်ပါတယ်။

၃။ ရေပူပူနဲ့ခေါင်းလျှော်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး


ဆိုးဆေးထားတဲ့ဆံသားကို ရေအပူနဲ့ခေါင်းလျှော်တာကလည်း ဆံသားအရင်း အပေါက်တွေကျယ်စေပြီး လွယ်လွယ်နဲ့ အရောင်လွင့်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ရိုးရိုးရေ ဒါမှမဟုတ် ရေအေးအေးတွေအသုံးပြုပေးပါ။

၄။ ဆံပင်ကို အပူနဲ့ ခဏခဏမထိအောင်ကာကွယ်ပေးပါ


အရောင်ဆိုးထားတဲ့ဆံပင်တွေက ပျက်စီးလွယ်ပြီးအပူမခံနိုင်ပါဘူး။ အရောင်ကြာကြာခံနိုင်ဖို့ နေရောင်ခြည်၊ ဆံသားပုံသွင်းတဲ့အပူချောင်းတွေနဲ့ မကြာခဏထိတွေ့တာတွေကိုရှောင်ပေးဖို့လိုပါတယ်။ မဖြစ်မနေ ဆံသားပုံသွင်းဖို့လိုလာတဲ့အခါမှာလည်း အပူခံ Spray တွေ ဖြန်းပေးဖို့မမေ့သင့်ပါဘူး။

၅။ ဆံသားအားပြည့်စေဖို့ ပရိုတင်းဓာတ်ပါတဲ့ သဘာဝပစ္စည်းတွေသုံးပြီး ပေါင်းတင်ပေးပါ

Photo Source: Hair Adviser

ခေါင်းမလျှော်ခင်မှာ ပရိုတင်းဓာတ်ဖြည့်ပေးတဲ့ သဘာ၀ Hair Mask တွေသုံးပြီး ပုံမှန်ပေါင်းတင်ပေးတာကလည်း ပျက်စီးနေတဲ့ဆံသားကို အတွင်းပိုင်းအထိအစိုဓာတ်ရပြီး နူးညံ့လာစေဖို့ကူညီပေးနိုင်ပါတယ်။ ဆေးဆိုးထားတဲ့ ဆံသားရှိသူတွေအနေနဲ့ ပရိုတင်းကြွယ်ဝတဲ့ ကြွက်ဥ၊ ထောပတ်သီး၊ ဒိန်ချဉ်နဲ့ Oat ဂျုံတွေသုံးပြီး ပေါင်းတင်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar