အခုအချိန်က အိမ်ပြင်မထွက်ရတဲ့ Quarantine ကာလမို့ တချို့နိုင်ငံတွေမှာဆိုရင် ကျောင်းတက်တဲ့အခါ Online က တက်ရတာတွေရှိပါတယ်။ သင်တန်းအများစုကလည်း Online Class တွေဖြစ်နေပါပြီ။ Online Class ရဲ့ကောင်းကျိုးကတော့ ဘယ်မှ သွားစရာမလိုဘဲ အိမ်မှာပဲ သင်နိုင်တယ်။ တစ်ယောက်တည်း အေးအေးဆေးဆေးသင်နိုင်တယ်။ ဒါပေမဲ့ ဆိုးကျိုးကတော့ ဆရာနဲ့ အနီးကပ်ထိတွေ့ရတာမဟုတ်တာကြောင့် တကယ့်အပြင်မှာ သင်တာထက် ထိရောက်မှုနည်းနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကြိုးစားမှု၊ စိတ်နေစိတ်ထားတွေပေါ်လည်း အဓိကမူတည်သွားပါပြီ။ ဘယ်အတန်းပဲတက်တက် ထိထိရောက်ရောက်ဖြစ်မှ ငွေကုန်ရကျိုးနပ်မှာပါ။ ဒါကြောင့် Online Class တက်တဲ့အချိန် ထိထိရောက်ရောက်ဖြစ်ဖို့ ပြုလုပ်သင့်တဲ့အချက်တွေကို ပြောပြပါရစေ။

၁။ နေရာသတ်သတ်မှတ်မှတ်ရှိပါစေ


ကိုယ်စာသင်ဖို့ နေရာတစ်နေရာ သတ်မှတ်ထားပါ။ သင်ရွေးချယ်တဲ့နေရာက သပ်ရပ်နေပြီး ဆူညံမှုနည်းတဲ့ နေရာဖြစ်သင့်ပါတယ်။ ဟိုနေရာပြောင်းလိုက် ဒီနေရာပြောင်းလိုက်လုပ်တာက သင့်ရဲ့ အာရုံစိုက်နိုင်စွမး်ကို လျော့ကျစေပါတယ်။ အနှောင့်အယှက်ကင်းတဲ့နေရာမျိုးဖြစ်ရင် အကောင်းဆုံးပါပဲ။

၂။ Note မှတ်ပေးပါ၊ ကိုယ့်ကိုကိုယ် စီစဉ်ပါ


Online က တက်တာက သင့်အတွက် အချိန်ပိုထွက်စေပါတယ်။ ဒီအချိန်ပိုမှာ သင်ခဲ့ရသမျှ သင်ခန်းစာတွေကို Note မှတ်ပြီး မသိတာတွေကို ဆရာဆီပြန်မေးပါ။ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ် Plan ချပါ။

၃။ သူငယ်ချင်းတွေရဲ့ အကူအညီရယူပါ


Online Class မို့ သင့်ရဲ့ သင်တန်းက သူငယ်ချင်းတွေဆီ စာပို့ဖို့ ပိုလွယ်သွားပါပြီ။ နည်းပညာကို အသုံးချပါ။ သင်မသိတာတွေကို သင်တန်းတူတဲ့ သူငယ်ချင်းတွေဆီမှာ မေးမြန်းပါ။

၄။ သက်တောင့်သက်သာ သင်ယူပါ ဒါပေမဲ့ လိုတာထက် ပိုပြီး သက်တော့င့်သက်သာမဖြစ်ပါစေနဲ့


သက်တောင့်သက်သာဖြစ်အောင် အိပ်ရာပေါ် စာသင်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်အတွက် နေရာထိုင်ခင်း အဆင်ပြေတဲ့ နေရာမျိုးကိုရွေးပေးပါ။

၅။ တကယ်စာသင်နေတယ်လို့ မှတ်ယူပါ


Online Class ဆိုပြီး ပေါ့ပျက်ပျက်မလုပ်ပါနဲ့။ ကျောင်းတက်တဲ့အချိန် အဆင့်ကောင်းဖို့ ကြိုးစားသလို Online Class ကိုလညး်ဒီလိုစိတ်ထားပြီး ကြိုးစားပါ။ တကယ်ကျောင်းတက်နေတယ်လို့ ခံယူပြီး သေချာ အာရုံစိုက်သင်ယူပါ။

Photo Source: Pinterest

By MyStyle Myanmar