မိန်းကလေးတွေအတွက် သဘာဝအတိုင်း ဆံသားဖြောင့်စင်းစေမယ့် နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အပူချောင်းတွေသုံးပြီး ဖြောင့်နေတာက ဆံသားပျက်စီးစေပါတယ်။ ဒါကြောင့် သဘာဝနည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။

ဘီးကြဲနဲ့ဖြီးပါ

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာက ဆံပင်ကျွတ်စေပါတယ်။ ဒါပေမယ့် ဘီးကြဲနဲ့ဖြီးရင်တော့ အနည်းငယ်ပဲ ကျွတ်ပါတယ်။ အရင်ဆုံးဆံပင်ရေစိုနေချိန်မှာ towel နဲ့ ဖိဖိပြီး သုတ်ပေးပါ။ ဆံပင်ရေ မခြောက်တစ်ခြောက်အချိန်မှာမှ ဘီးကြဲနဲ့ ဖြေးဖြေးချင်းစီရှင်းပြီး ဖြီးချပေးပါ။ ဆံပင်ခြောက်သွားရင် ပုံမှန်ထက်ပိုပြီး ဆံသားဖြောင့်စင်းသွားစေပါတယ်။

နွားနို့

နွားနို့မှာက ပရိုတင်းဓာတ်တွေများစွာပါဝင်လို့ ဆံသားဖြောင့်ဆင်းပြီး ချောမွေ့စေပါတယ်။ ပျက်စီးနေတဲ့ဆံသားကိုလည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ နွားနို့ကို ဆံပင်အနှံ့လောင်းပေးပြီး ၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။

Almond oil

Almond oil မှာက vitamin E နဲ့ omega fatty acids တွေပါဝင်လို့ ဆံသားကျန်းမာစေပါတယ်။ Almond oil ကို ပုံမှန်လိမ်းပေးခြင်းက ဆံသားပျက်စီးတာ၊ ဖွာနေတာတွေကို သက်သာစေပြီး ဆံသားဖြောင့်ဆင်းစေပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်းလိမ်းပြီး ခေါင်းဖြီးပေးပါ။

သံလွင်ဆီနဲ့ကြက်ဥ

ကြက်ဥမှာက vitamins, nutrients နဲ့ fatty acids တွေပါလို့ ဆံသားကျန်းမာစေပါတယ်။ Olive oil လည်း တူတူပါပဲ။ ဆံသားအတွက် အရမ်းကောင်းပါတယ်။ ဒါကြောင့် ဒီနှစ်မျိုးနဲ့ ဆံပင်ပေါင်းတင်ပေးသင့်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ကြက်ဥ ၂ လုံးနဲ့ သံလွင်ဆီတို့ကို ရောမွှေပြီး ဆံပင်အနှံ့သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီး ရေဆေးချ၊ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ ဆံသားဖြောင့်စင်းပြီး healthy hair ရစေပါတယ်။

ငှက်ပျောသီးနဲ့ပျားရည်

ငှက်ပျောသီးတစ်လုံးကို အခွံ့ခွာပြီး ချေပေးပါ။ ပြီးရင်တော့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်မွှေပြီး ဦးရေပြားနဲ့ ဆံပင်အနှံ့ သုတ်လိမ်းပေးပြီး ၁ နာရီထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းက ဆံပင်ပျော့ပြီး ဖြောင့်ဆင်းသွားစေပါတယ်။