ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဟာ ကိုယ့်ခြေကိုယ်လက် လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့အလုပ်မျိုးဖြစ်ပြီး အကျိုးအမြတ်နဲ့စွန့်စားမှုမှာလည်း ဝန်ထမ်းဘဝထက် ပိုများပါတယ်။ ဒါကြောင့်ပဲ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းသေးသေးလေး စတင်ထူထောင်တော့မယ်ဆိုရင် ကိုယ့်ဘက်ကတတ်နိုင်သမျှ စည်းစနစ်တကျ ပြင်ဆင်ဖို့လိုပါတယ်။

တကယ်လို့လုပ်ငန်းသေးသေးလေးကနေ စတင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်တော့မယ် ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အခုပြောမယ့် အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အစီအစဉ်တစ်ခုဆွဲပါ

Source : Irvine – Orange County SBDC Irvine

စီးပွားရေးအစီအစဉ်တစ်ခု ရေးဆွဲဖို့က အရေးကြီးဆုံး အဆင့်ပါ။ ခေါင်းထဲက စိတ်ကူးကို အကောင်အထည်ဖော်သွားမယ့် မြေပုံတစ်ခုကို ချရပါမယ်။ ဒီထဲမှာတစ်ခြားသူတွေဆီက ငွေကြေးနဲ့ရင်းနှီးမြှပ်နှံမှုကို ရှာဖွေသွားမယ်ဆိုရင်လည်း သီးသန့်စီးပွားရေးအစီအမံတစ်ခုကို ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ရေးဆွဲဖို့လိုပါတယ်။

(၂) ဈေးကွက်ကို လေ့လာပါ

Source : parvaresheafkar.com

လက်ရှိဈေးကွက်ထဲမှာ ဘယ်လိုထုတ်ကုန်နဲ့ဝန်ဆောင်မှုပေးနေသလဲဆိုတာ စိစစ်ပြီး ကိုယ့်လုပ်ငန်းအနေနဲ့ မတူညီတာတွေဘာတွေလုပ်နိုင်မလဲရှာပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်နေဖို့ပါပဲ။

(၃) စီးပွားရေး ပုံစံရွေးချယ်ပါ

Source : freepik.com

စီးပွားရေးပုံစံဆိုရာမှာ တစ်ဦးပိုင်သွားမလား ၊ ပါတနာနဲ့သွားမလား ၊ ဒါမှမဟုတ် ကော်ပိုရေးရှင်းပုံစံနဲ့ထွက်မလား ဆိုတာကိုလည်း ထည့်တွက်ရမှာပါ။ ကနဦး စီးပွားရေးမော်ဒယ်ကို ရွေးပြီးမှသာ စီးပွားရေးအလားအလာအတိုင်း ကိုယ်သွားချင်သလို သွားလို့ရအောင် ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။

(၄) ငွေကြေးကို စီစဉ်ပါ

Source : Pinterest

လုပ်ငန်းတစ်ခုထောင်ဖို့အတွက် ပိုက်ဆံအများကြီး မလိုပေမယ့် လုပ်ငန်းကနေ အမြတ်မထွက်ခင်ကြား ကာလမှာတော့ ဒီလုပ်ငန်းပေါ် သုံးစွဲရတာတွေ ရှိပါတယ်။ လုပ်ငန်းလိုင်စင်ဆောင်တာ ၊ မှတ်ပုံတင်တာ အပါအဝင် နောက်ဆုံး ရုံးခန်းငှားတာ ၊ ဈေးကွက်ဆင်းတာ ၊ လစာပေးတာကအစ ငွေကြေးကို စီမံတတ်ဖို့လိုပါတယ်။

(၅) လုပ်ငန်းနာမည်ပေးပြီး မှတ်ပုံတင်ပါ

Source : LinkedIn

အလုပ်ခွင်မှာ သုံးနိုင်ဖို့လုပ်ငန်းနာမည်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လုပ်ငန်းဝက်ဘ်ဆိုက်ပါ တစ်ခါတည်း ရွေးချယ်နာမည်ပေးသင့်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ မှတ်ပုံတင်မှု ၊ ရုံးခန်းငှားမှု ၊ ငွေကြေးစီမံမှု ပုံစံတွေချပြီးလို့ဝန်ထမ်းခန့်ပြီး လုပ်ငန်း လည်ပတ်တာနဲ့ဖောက်သည်တွေကို ဆွဲဆောင်ဖို့လိုအပ်တဲ့ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်တွေ ရေးဆွဲရတော့မှာပါ။ဒီအတွက် လုပ်ငန်းခွင်ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးတာ ၊ အကြံတောင်းတာအပြင် ကိုယ့်အရှေ့မှာ အောင်မြင်နေသူတွေရဲ့ နမူနာကိုယူပြီး ကိုယ့်ရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုကို အရည်အသွေးမြှင့်နေရမှာပါ။

ဒါတွေကတော့ Step-By-Step သွားရမယ့် အစီအစဉ်တွေ ဖြစ်ပြီး အခါအားလျော်စွာ လုပ်ငန်းအတွက် လိုအပ်တဲ့ အတွေ့အကြုံ ၊ ဗဟုသုတတွေကို ဖြည့်ဆည်းဖို့လည်းလိုပါတယ်။