Skincare တွေလုပ်နေပေမယ့် အသားအရေကလည်း ကောင်းမလာဘူးဆိုရင်တော့ ကိုယ်သုံးနေတဲ့ skincare တွေကို reset ချပြီး အသစ်ကနေ ပြန်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒါကြောင့် အသားအရေပိုကောင်းလာစေဖို့ skincare routine ကို အစကနေ ပြန်စီစစ်ပြီးသုံးနည်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

သေချာရွေးချယ်ပါ

Skincare သုံးရင် သူများကောင်းတယ်ပြောတိုင်း၊ နာမည်ကြီးနေတိုင်း အကုန်လိုက်ဝယ်ပြီး တစ်ခုပြီးတစ်ခု ပြောင်းမသုံးပါနဲ့။ ကိုယ့် skin က ဘာဖြစ်နေလဲကြည့်ပါ။

အရေးအကြောင်းတွေပေါ်လာရင် Retinol စသုံးပါတော့။ အသားအရေညစ်နေလို့ ဖြူချင်တယ်၊ အသားအရေ bright ဖြစ်လာချင်တယ်ဆိုရင် Vitamin C products တွေကို ရွေးချယ်ပါ။ ဝက်ခြံတွေရှိနေရင် salicylic acid ပါတာတွေ BHA products တွေကို သုံးပါ။

Skincare လိမ်းတော့မယ်ဆိုရင် Cleanser, Toner, Moisturizer, Sunscreen, Exfoliate က မရှိမဖြစ်ပါပဲ။

ရာသီဥတုနဲ့ကိုက်ညီတဲ့ Moisturizer ကို ပြောင်းသုံးပါ

ကိုယ့် skin type နဲ့ကိုက်ညီတဲ့ moisturizer ကို ရွေးသုံးဖို့လိုသလို၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ moisturizer ကိုလည်း ပြောင်းသုံးဖို့လိုပါတယ်။

ဆောင်းတွင်းမှာ အသားခြောက်လို့ hydrating ကောင်းကောင်းပေးနိုင်တဲ့ moisturizer မျိုးကို သုံးနေပေမယ့် နွေရာသီရောက်သွားရင် အဲ့ဒီ moisturizer က heavy ဖြစ်ပြီး အဆီဖုထွက်တာမျိုး၊ အဆီပြန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဲ့လိုပဲ နွေရာသီအတွက် lightweight ဖြစ်တဲ့ gel type လေးတွေသုံးနေပေမယ့် ဆောင်းတွင်းရောက်ရင် အဲ့တာက hydrating ကောင်းကောင်းမပေးနိုင်လို့ အသားခြောက်တာ၊ ညစ်တာတွေ ဖြစ်တတ်ပါတယ်။

Sunscreen

Skincare တွေလိမ်းနေပေမယ့် sunscreen ရော လိမ်းဖြစ်ရဲ့လား ပြန်စစ်ပါ။ ဘယ်လိုရာသီဥတုမျိုးမှာမဆို၊ ဘယ်လိုအသက်အရွယ်မျိုးမှာမဆို sunscreen လိမ်းဖို့ လိုပါတယ်။ Sunscreen မလိမ်းရင် အသားအရေညစ်ပြီး မဲလာတာ၊ အရေးအကြောင်းတွေပေါ်လာတာ၊ နေလောင်ပြီး အမဲစက်တွေ၊ တင်းတိတ်တွေ ထွက်လာပါလိမ့်မယ်။

Cleansing

Skincare လုပ်မယ်ဆိုရင် cleansing အပိုင်းကိုလည်း သေချာဂရုစိုက်ဖို့လိုပါတယ်။ မျက်နှာသစ်ဆေးနဲ့တန်းသစ်ပြီး skincare တွေအစုံလိမ်းနေလည်း cleansing သေချာမလုပ်တဲ့အတွက် ကိုယ်လိမ်းသမျှက ထိရောက်မှုနည်းတာမျိုး၊ အသားအရေညစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် double cleansing လုပ်ဖို့မမေ့ပါနဲ့။

ပုံမှန် Exfoliate လုပ်ပါ

တစ်ပတ်တစ်ခါ scrub လုပ်တာမျိုး၊ glycolic acid, lactic acid ပါတဲ့ AHA products တွေကို တစ်ပတ် ၂ ခါသုံးပေးပြီး exfoliate လုပ်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ ပုံမှန် exfoliate လုပ်ပေးမှလည်း dead skin cells တွေကိုဖယ်ရှားပေးပြီး အသားအရေကြည်လာမယ်၊ ကိုယ်လိမ်းသမျှ skincare တွေကို ကောင်းကောင်းစုပ်ယူနိုင်ပါမယ်။