အကြောင်းအမျိုးမျိုးကြောင့် အရေပြားယားယံတဲ့အခါ ကုတ်ရင်းနဲ့ အသားတွေနီးပြီး စပ်လာတာ၊ ပွန်းပြီး အနာဖြစ်ကုန်တာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက်ဆိုရင် ယားယံတာကို သက်သာအောင်လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အရေပြားယားယံတာကို သက်သာစေမယ့် သဘာဝနည်းလမ်းကောင်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Oatmeal နဲ့ရေချိုးခြင်း

Oatmeal ကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး ရေချိုးမယ့်ဇလုံထဲကို ထည့်လိုက်ပါ။ ပြီးရင်မွှေပြီး အဲ့ထဲကို ဝင်စိမ်နေလိုက်ပါ။ ၁၅ မိနစ်လောက် စိမ်ပြီးရင်တော့ ပုံမှန်အတိုင်း ရေပြန်ချိုးလိုက်ပါ။ ရေချိုးဇလုံမရှိတဲ့သူဆိုရင် oatmeal scrub တိုက်ပေးလို့ရပါတယ်။

တမာရွက်

တမာရွက်ကို ရေနွေးနဲ့ပြုတ်ပြီး ဇလုံ (သို့) bathtub ထဲ ထည့်လိုက်ပါ။ ပြီးရင်တော့ ဝင်စိမ်လို့ရတဲ့ အနေအထားလောက်မှာ ဝင်စိမ်ပေးပါ။ မစိမ်ချင်လည်း လောင်းချိုးလိုက်လို့ရပါတယ်။ ပြီးရင် တမာရွက်ကို ရေနည်းနည်းနဲ့ရောကြိတ်ပြီး ပျစ်ပျစ်လေးဖြစ်သွားရင် ယားတဲ့နေရာကို အုံပေးပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။

ရေခဲကပ်ခြင်း

အလွယ်ကူဆုံးနဲ့ အလုပ်ရှုပ်အသက်သာသုံး နည်းလမ်းကတော့ ရေခဲကပ်တာပါ။ ယားတဲ့နေရာကို ရေခဲကပ်ပေးရင် ယားယံတာ သက်သာစေပါတယ်။

ပျားရည်

ပျားရည်ကို အပူပေးပြီး နွေးနွေးလေးဖြစ်သွားပြီဆိုရင် ဂွမ်းလုံးလေးနဲ့ယူကာ ယားတဲ့နေရာကို ပွတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ပါ။ ယားတာသက်သာစေပါတယ်။

Apple Cider Vinegar

Apple cider vinegar ကို ဂွမ်းလုံးလေးနဲ့တို့ယူပြီး ယားတဲ့နေရာကို ပွတ်ပေးရင် ယားယံတာ သက်သာစေပါတယ်။ နောက်တစ်မျိုးအနေနဲ့ ကိုယ်ချိုးမယ့်ရေထဲကို Apple cider vinegar နည်းနည်းထည့်ပြီး ချိုးပေးရင်လည်း ယားယံတာတွေ သက်သာစေပါတယ်။